ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊ ၂၀၂၄
တောင်ကြီးမြို့မှ ဆီဆိုင်မြို့ကိုပြန်ရန် စစ်ကောင်စီဂိတ် ၉ ခု၏ စစ်ဆေးမေးမြန်းခြင်းခံရပြီး ဖြတ်သန်းခဲ့ရကြောင်း သေခံများထံသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ဒေသခံများ သည် သီတင်းကျွတ်ကာလ နေရပ်ပြန်သည့်ပြည်သူများနှင့်ခရီးသွားများသည် စစ်ကောင်စီဂိတ်တွင် စစ်ဆေးမေးမြန်းခြင်းနှင့်အချိန်ကုန်ပြီး လိုရာခရီး အခက်ခဲဖြစ်စေသလို မျိူးသမီးငယ်များစိတ်အနှောက်ယှက် ဖြစ်ရန် စနှောက်ခြင်းများလည်း ရှိကြောင်းသိရသည်။
“အရင်ကဂိတ်သိပ်မရှိတဲ့အတွက်တောင်ကြီးကနေဆီဆိုင်ဆိုရင်ကားနှစ်နာရီကျော်လောက်ပဲစီးရတယ်၊အခု နောက်ပိုင်းဂိတ်အရမ်းများတော့သုံးနာရီကျော်၊လေးနာရီနီးပါးစီးရတယ်၊အချိန်တွေအရမ်းကုန်တဲ့အတွက်တစ်ခါတစ်လေ ခရီးတောင်မသွားချင်ဘူး”ဟုဒေသခံ အမျိူးသမီးတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းဆီဆိုင်မြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်သည့်အချိန်မှစပြီး လုံခြုံရေးပိုမိုတင်းကြပ်မှုရှိသည့်အတွက် ဒေသခံပြည်သူအခက်ခဲဖြစ်စေခြင်းလည်းရှိသည်။
ထို့အပြင်ကုန်စည်စီးဆင်းမှုမျညးကိုလည်းအကန့်အသတ်ဖြင့်သာခွင့်ပြုသည့်အတွက် လည်းအခက်ခဲ ဖြစ်စေကြောင်းသိရသည်။
ဆိဆိုင်သို့ပြန်မည့် ဒေသခံများအနေဖြင့်အချိန်ကို ပိုစောပြီးပြင်ဆင်ပြန်ခြင်းမှသာ အဆင်ပြေမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိဆီဆိုင်မြို့သည် စစ်ဘေးရှောင် ပြည်သူများနေရပ်ပြန်နေထိုင်ကြပြီဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက်အခက်ခဲရှိနေဆဲဖြစ်ကြောင်းသိရသည်။
#ppv014
#Humanright
#hsihseng
#အစစ်ဆေးဂိတ်
#WhatHappenInMyanmar
VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။