ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊ ၂၀၂၄
မိုင်းရယ်မြို့ သံတောင်ဦးသကြားစက်ရုံကို စစ်ကောင်စီမှ အောက်တိုဘာ(၉)ရက်၊နံနက် (၂)နာရီခွဲဝန်းကျင်တွင် လေယာဉ် ဗုံးကျဲ တိုက်ခိုက်သဖြင့် ဝန်ထမ်းနှစ်ဦးထိခိုက်ပြီး အဆောက်အဦးပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နှင့် (၁၄)မိုင်အကွာမှာ တည်ရှိသော သံတောင်ဦး သကြားစက်ရုံကို စစ်ကောင်စီမှ ကိုးကန့်စစ်သားရှိနေသည်ဆိုသည့် သတင်းကြောင့် လေယာဉ်ဖြင့်ဗုံးကျဲ တိုက်ခိုက်ရာ ဝန်ထမ်း(၂)ဦးထိခိုက် ဒဏ်ရာပြင်းထန်ပြီး အဆောက်အဦးထိခိုက် ပျက်စီးခဲ့သည်။
“ဘယ်နှလုံးကျဲတာတော့ တိတိကျကျမသိဘူး။အသံကြားရတာတော့ ဆက်တိုက်ပဲ ။ ငါတို့မြို့ထဲတောင် အိမ်တွေပါတုန်တယ်။ ကြည့်ရတာ ပေါင်(၅၀၀)ဗုံးဖြစ်မယ်”ဟု မိုင်းရယ်မြို့ဒေသခံတစ်ဦးက ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ (၂)ဦးကို ရှမ်းတောင် ကျေးသီးသို့ ဆေးကုသရန်ပို့ဆောင်ထားကြောင်း သိရသည်။
မိုင်းရယ်မြို့သည် SSPP/SSA နေရာယူထားသော မြို့တစ်မြို့ဖြစ်ပြီး မကြာခဏ ဗုံးသံကြားရသောကြောင့် ဒေသခံတချို့ စစ်ဖြစ်မည်ကို စိုးရိမ်းကာ မြို့ထဲမှ တိမ်းရှောင်နေကြကြောင်း သိရသည်။
PPV0011
ဓာတ့ပုံ-Google
#လူ့အခွင့်အရေး
#မိုင်းရယ်မြို့
#သံတောင်ဦး
#သကြားစက်ရုံ
#စစ်ကောင်စီမှကိုးကန့်စစ်သားရှိနေသည်ဆိုသည့်သတင်းကြောင့်
#လေယာဉ်ဖြင့်ဗုံးကျဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။