ခမ်းသားငေါဝ်း
အောက်တိုဘာ ၉၊၂၀၂၄

ဆီဆိုင်မြို့အနောက်ဘက် နမ့်တဘက်ချောင်းအနီး ကုန်းဆွတ်ရွာတဝိုက်တွင် ရေကြီးရေလျှံမှုဖြစ်ပြီး စိုက်ခင်းများအကုန်နှစ်မြုပ်ဆုံးရှုံး ခဲ့ရကြောင်းသိရသည်။

ရှမ်းပြည်တောင်ပိုင်းဆီဆိုင်မြို့နယ် ကုန်းဆွတ်ရွာအနီးတစ်ဝိုက်ရှိစိုက်ခင်းများသည်တစ်လနီးပါးရေမြှုပ်နေပြီးပျက်စီးကာ ဒေသခံများစားဝတ်နေရေး အခက်ခဲဖြစ်စေမည်ကိုစိုးရိမ်ကြသည်။

“ကျမတို့ဆို စစ်ကြောင့်အိမ်ဆုံးရူံးရတယ်၊ရေဘေးကြောင့်ရင်းနှီးပြီးစိုက်ပျိူးရတဲ့ စပါးပင်တွေပြောင်း ပင်တွေ ဆုံးရူံးကုန်တယ်၊အခုစိုက်ထည့်လို့လဲအဆင်မပြေသေးဘူး၊မျိူး‌စေ့ အကြွေးယူထားတာတွေလဲမဆပ်နိုင်သေးဘူး၊လက်ရှိစား၀တ်နေရေးကိုတော့ဖြစ်သလိုအဆင်ပြေအောင်ဖြေရှင်းနေရတယ်”ဟုဒေသခံ အမျိူးသမီးတစ်ဦးကပြောသည်။

ကုန်းဆွတ်ရွာတွင် ပြီးခဲ့တဲ့သြဂုတ်လ ၃၁ ရက်နေ့မှစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ကာ အောက်တိုဘာလ ၈ ရက်နေ့အထိရေမကျသေးဘဲ ရေမြှုပ်ထားသည့် စိုက်ခင်းများ ဘာမှပြန်ယူ၍မရဘဲပျက်စီးသွားကြောင်းသိရသည်။

ထိုဒေသတွင် အဓိက ပြောင်း၊ စပါးများ စိုက်ပျိုးကြကြောင်းသိရသည်။

ကုန်းဆွတ်ရွာဒေသအနီးရှိ စိုက်ခင်းများသည် ကုန်းဆွတ်​ဒေသခံရွာသားများအပြင် ဟိုခဲ ရပ်ကွက်​နေပြည်သူနှင့် ရွာသစ်တွင်ရတွင်ရှိဒေသခံများ၏ စိုက်ခင်းများလည်းပါဝင် ကြောင်းသိရသည်။

ကုန်းဆွတ် ရွာတွင်ယခင်က ရေနှစ်မြှုပ်မှုကြုံခဲ့ဖူးသော်လည်း ခဏအတွင်းပြန်ကျပြီး အခုတစ်ခါသည် လချီပြီးရေပြန်မကျ၍ စိုက်ခင်း များဆုံးဆုံးခဲ့ရသည်။

#ppv014
#ကုန်းဆွတ်
#ဆီဆိုင်
#သဘာဝဘေး
#နမ့်တဘက်ချောင်း
#စိုက်ခင်းပျက်စီး

VPNအခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *