ခမ်းသားငေါဝ်း
အောက်တိုဘာ ၈၊ ၂၀၂၄
တောင်ကြီးမြို့တွင် အိမ်ငှားခများ လစဥ်စျေးတက်နေသောကြောင့် အိမ်ငှားသူများ အခက်အခဲဖြစ်နေကြောင်း စစ်ရှောင်ရင်းအိမ်ငှားနေသူတစ်ဦးထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့တွင် လာရောက်ခိုလှုံနေထိုင်သူ များလာခြင်းနှင့်အတူ အိမ်ငှားစရိတ်များ လစဥ်မြှင့်တက်နေသောကြောင့် အိမ်ငှားနေထိုင်သူများ အခက်အခဲကြုံနေရသည်။
” ဒီမှာက အရင်သုံးလကစပြီး တစ်လ ငါးသောင်းတက်သွားတာ၊ ဟိုအစောပိုင်းကတော့ ၂ သိန်း နဲ့တစ်လချင်းငှားနေတာပေါ့လေ၊ အခုလို လအလိုက်စျေးတက်လာတော့ ဆက်ငှားဖို့အခက်အခဲဖြစ် တယ်ပေါ့လေ၊ အိမ်ထပ်ရှာဖို့ဆိုတာလည်းအရမ်းခက်သွားပြီးလေ” ဟုစစ်ရှောင်ရင်း အိမ်ငှားနေထိုင်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
လချုပ်၊ နှစ်ချုပ် ငှားရမ်းနေသူများလည်း စာချုပ်ကုန်ပြီးတိုင်း စျေးများအဆမတန်မြှင့်တက်ပြီး စာချုပ်အသစ်ထပ်ချုပ်ရကြောင်းသိရသည်။
တောင်ကြီးတွင် အိမ်ငှားနေထိုင်သူ အခြားတစ်ဦးကလည်း ” အစ်ကိုတို့က ၆ လချုပ်နဲ့ ပေါ့လေ၊ အရင်က ၃ သိန်းခွဲနဲ့ပေါ့၊ စာချုပ်လည်းကုန်တော့မယ်၊ ဟိုနေ့ကအိမ်ရှင်ကလာပြောတယ်၊ နောက်စာချုပ်ကို ငါးသိန်းခွဲ နဲ့ ချုပ်ရမယ်တဲ့၊ ဒီမှာငှားနေတာလည်း တစ်နှစ်ကျော်နေပြီလေ၊ စျေးက အရမ်းထိုးတက်သွားတော့ ဘယ်လိုဆက်လုပ်ရမလည်းမသိဘူး” ဟုဆိုသည်။
တောင်ကြီးမြို့တွင် အိမ်ငှားစရိတ်များ မြှင့်တက်လာခြင်းကြောင့် ဆက်လက်မငှားရမ်းနိုင်ပဲ တည်ငြိမ်အေးချမ်းမှုမရှိသေးသော်လည်း နေရပ်ကို ပြည်လည်နေထိုင်ကြသည့် စစ်ဘေးရှောင်များလည်းရှိကြောင်းသိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကရင်နီပြည် (ကယား)ပြည်နယ်က တိုက်ပွဲပြင်းထန်ပြီး ပြည်သူများ တောင်ကြီးမြို့သို့စစ်ရှောင်လာခြင်းကြောင့် တောင်ကြီး မြို့တွင်လူအရမ်းစည်ကားပြီးအိမ်ငှားစျေးလည်းတက်လာကြောင်းသိရသည်။
photo local
#PPV 003
#Humanright
#social
#အိမ်ငှားစျေးတက်
#တောင်ကြီး
VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။