ခမ်းသားငေါဝ်း
အောက်တိုဘာ ၈၊ ၂၀၂၄
ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် လမ်းဘေးရေမြောင်းမရှိ၍ အောက်တိုဘာလ ၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လမ်းမပေါ်ထိရေကြီးရေလျှံဖြစ်ကာသွားလာရခက်ခဲကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်းပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းတွင် အစိုးရအဆက်ဆက်က လမ်းပြင်ခြင်း၊ မြောင်းပြင်ခြင်းမရှိသည့်အတွက် မိုးရွာတိုင်းလမ်းမကြီးပေါ်ရေလျှံပြီး သွားလာရန်အလွန်ခက်ခဲသည်။
“ ဒီနေ့တစ်ရက်ထဲနဲ့ မိုးရွာတာ အဲ့လောက်တောင်ရေက လမ်းပေါ်ထိ ရောက်တာ မိုးဆက်တိုက် ထပ်ရွာရင်တော့တော်တော်ဆိုးမှပဲ၊ ဟို ရာဇ စတိုးလမ်း ကြားနားက အန်တီတို့ ပြန်နေကြလမ်းဘဲ အဲ့မှာလည်းရေကြီးတော့ ကားနဲ့တောင်မဖြတ်ရဲဘူး ”ဟု ဘုရားဖြူရပ်ကွက်၌ နေထိုင်သူ တစ်ဦးမှသိရသည်။
ဘုရားဖြူ ရပ်ကွက်တွင် လမ်းဘေးမြောင်းမရှိ၍မိုးရွာတိုင်း လမ်းပျက်စီး ခြင်း ရှိသည့်ရေမြောင်းအမှိုက်များပိတ်ဆို့ခြင်းများကြောင့် လမ်းမပေါ်အထိ ရေလွှမ်းမိုးခြင်း ခံနေရကြောင်းကိုသိသည်။
လက်ရှိတွင် နယ်မြေ ၄ သို့ဝင်ထွက်သည့်လွယ်ခမ်းလမ်းသည် အလွန်ဆိုးရွားစွာပျက်စီးနေပြီး သွားလာ၍မရသည့်အခြေအနေဖြစ်နေပြီဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ်က လမ်းပြုပြင်ရန်ဘတ်ဂျက် ကျလာပြီဖြစ်ပြီးနွေရာသီတွင် ပြင်ရန် အုပ်ချုပ်ရေးမူးကခမ်းသားငေါဝ်းမီဒီယကိုပြောထားသော်လည်းယခုချိန်ထိ ပြင်ဆင်ခြင်းမရှိသေးပါ။
#ppv013
#Humanright
#ဘုရားဖြူ
#တောင်ကြီး
#လမ်းပျက်စီး
VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။