ခမ်းသားငေါဝ်း

အောက်တိုဘာ ၆၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားများ ရှာဖွေဖမ်းဆီးခြင်း ရက် ၁၂၀ စီမံကိန်းအတွင်း မြန်မာအလုပ်သမား နှစ်သိန်းတစ်သောင်းနီးပါး ဖမ်းဆီးရမိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက အောက်တိုဘာ ၅ ရက်နေ့က ထုတ်ပြန်ထားသည်၊၊

ထိုင်းအစိုးရမှ ဇွန်လ ၅ ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့ထိ စီမံချက်အတွင်း မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တခြားနိုင်ငံများက တရားမဝင်အလုပ်သမား နှစ်သိန်းရှစ်သောင်းကျော် ဖမ်းမိခဲ့သည့်အနက် မြန်မာအလုပ်သမားနှစ်သိန်း တစ်သောင်းနီးပါး ( ၂၀၉,၄၃၅ ဦး) ဖမ်းဆီးရမိကြောင်း ဆိုထားသည်၊၊

ထိုင်းအလုပ်အကိုင်ဦးစီးဌာနအနေနှင့် တရားမဝင်အလုပ်သမားများဖမ်းဆီးရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆိုထားပြီး ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားထဲမှ ၁၂၈၉ ဦးကို အရေးယူဆောင်ရွက်ပြီးဖြစ်ကြောင်း ဆိုသည်၊၊

ထိုင်းနိုင်ငံအတွင်းရှိ ခရီးသွားလုပ်ငန်း၊ အနှိပ်ခန်း၊ အလှပြင်ဆိုင်နှင့် ဧည့်လမ်းညွှန်လုပ်ငန်းများတွင် တရားမဝင်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများနှင့်အလုပ်ခန့်သည့် အလုပ်ရှင်များအား စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊

PPV001
ဓာတ်ပုံ-၂၀၂၂ သြဂုတ်တွင် ဖမ်းဆီးခံရသည့်သူများမြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေစဉ်/ အလုပ်သမားသံအရာရှိရုံး
#လူ့အခွင့်အရေး
#ထိုင်းအစိုးရ
#ထိုင်းနိုင်ငံ
#တရားမဝင်အလုပ်သမား
#ရှာဖွေဖမ်းဆီးခြင်း
#မြန်မာအလုပ်သမား
#ဖမ်းဆီးရမိ
#ထိုင်းအလုပ်သမားဝန်ကြီးဌာန

Leave a Reply

Your email address will not be published. Required fields are marked *