ခမ်းသားငေါဝ်း
အောက်တိုဘာ ၆၊ ၂၀၂၄

တောင်ငူမြို့ အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) အား စက်တင်ဘာ ၅ ရက်နေ့မနက်ပိုင်းတွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ရာ ၄ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း BWM အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပဲခူးတိုင်း တောင်ငူမြို့တွင် အခြေစိုက်ထားသည့်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) အား Brave Warriors for Myanmar (BWM) အဖွဲ့မှဦးဆောင်ပြီး NSA31 မြို့ပြပြောက်ကျားအဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေး အဖွဲ့များ ပူးပေါင်း၍ ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း BWN ကဆိုသည်၊၊

အဆိုပါပစ်ခတ်မှုကို Mission 23 အနေဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တပခ စခန်းရုံး ခေါင်မိုးပွင့်ပြီး အခြားအဆင့် ၃ ဦး သေဆုံးကာ တပ်ရေးဗိုလ်ကြီး ဒဏ်ရာရရှိခဲ့ပြီး ကင်းတဲပွင့်၍ သေဆုံးမှုရှိကြောင်း၊ ထို့အတူ အရာရှိနေအိမ်လိုင်းခန်း ထိမှန်ပြီး အရာရှိ ၃ ဦးဒဏ်ရာရရှိသည်ဟု ကနဦးသတင်းရရှိထားပြီး အထိအခိုက်များကို ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ဆိုထားသည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စခန်းများကို အမိန့်ပေးကွပ်ကဲနေသည့် အဓိက တိုင်းစစ်ဌာနချုပ်တခုဖြစ်ပြီး လတ်တလောတွင် ဒရုန်း အစင်း ၁၀၀ ဌာနချုပ်ထဲရောက်ရှိနေကြောင်း ကြားသိရ၍ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

BWM နှင့် မဟာမိတ်အဖွဲ့များသည် တိုင်းစစ်ဌာနချုပ်များကို လေတပ်စခန်းများကဲ့သို့ပင် အထူးပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခု မစ်ရှင်သည် BWM ရဲ့၂၃ ခု မြောက်မစ်ရှင်ဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာချုပ်ကို ပထမဆုံးအကြိမ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

PPV001
ဓာတ်ပုံ- BWM
#စစ်ရေး
#ပဲခူးတိုင်း
#တောင်ငူမြို့အခြေစိုက်
#တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
#တပခ
#BWM
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *