ခမ်းသားငေါဝ်း
အောက်တိုဘာ ၃၊ ၂၀၂၄

PNO ပြည်သူစစ်က အထူးဒေသ ၆ ခွန်ဖြားဗွာခမ်း အတွက် အင်အားပြ ပြည်သူ့စစ်သင်တန်းဆင်းပွဲကို အောက်တိုဘာ ၃ ရက်နေ့က ကျောက်တလုံးမြို့ နောင်ယာဆိုင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို၊ ခွန်ဖြားဗွာခမ်း နောင်ယာဆိုင်း(သုဲင်)တွင် ပြုလုပ် သည့် PNOပြည်သူ့စစ်က အမှတ်စဥ်(၁) အခြေခံစစ်သင်သန်းဆင်းပွဲကို သင်တန်းသား(၇)ထောင်ကျော်ဖြင့်ပြုလုပ်ပြီး အခြေခံစစ်သင်တန်းမတက်ရောက်ရသည့်သူများလည်း ပါဝင်ခိုင်းကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

“ကျွန်တော့်အသိတွေထဲကဆိုစစ်သင်တန်းတောင်မတက်ရသေးဘူး၊ ဟိုရက်ကမှပွဲအတွက်ဆိုပြီး အလေးပြုတာတွေ ဘယ်ညာလျှောက်နည်းတွေပဲသင်ပေးတာ ပြီးတော့ဒီရက်ဆို ကိုယ့်ရေကိုယ့်ထမင်းထုပ်သွားရတယ် အလုပ်အကိုင်ပျက်ရုံပဲအဖတ်တင် ဘာမှလည်းမထူးဘူး”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်သင်တန်းမတက်ရသေးသော်လည်း စစ်သင် တန်းဆင်းပွဲအတွက်ပါဝင်ရန် PNOပြည်သူ့ စစ်က ဝတ်စုံအတွက်တစ်ယောက်(၅)သောင်းကောက်ခံပြီး စစ်ဝတ်စုံကို ကြိုတင်ပေးထားကြောင်း သိရသည်။

ခွန်ဖြားဗွာခမ်းအတွင်းတွင် အသက်(၁၈)နှစ်မှ (၄၀)အောက်အမျိုးသားများအားလုံးကို ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ PNOပြည်သူ့စစ်က မဖြစ်မနေအခြေခံစစ်သင်တန်းတက်‌ခိုင်းကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။

PNO ပြည်သူ့စစ် ၏ အထူးဒေသ ၆ ခွန်ဖြားဗွာခမ်းသည် ကျောက်တလုံးကြီးမြို့၊ ညောင်ရွေမြို့နယ် တောင်ပိုင်းများပါဝင်ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့က အထူးဒေသ ၆ အတွက် ပြည်သူ့စစ် အင်အား နှစ်သောင်းဖြင့် ပေါမူဒေသတွင် သင်တန်းဆင်းအင်အားပြပြုလုပ်ခဲ့သည်။

photo credit online

#PPV007
#PNO
#ပြည်သူ့စစ်
#သင်တန်းဆင်း
#ဖြားဗွာခမ်း
#ကျောက်တလုံး
VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *