ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၊ ၂၀၂၄

ယခုရက်ပိုင်း ရပ်စောက်မြို့အဝင်အထွက်စစ်​ဆေး ရေး ဂိတ်တွင်စစ်ကောင်စီက တင်း​ကြပ်စွာစစ်ဆေးနေပြီးဒေသခံ သွားလာသူများပါအခက်ခဲကြုံရကြောင်းသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်းရပ်စောက်မြို့ရှိ မြို့အဝင်အ ထွက်စစ်ဆေးရေးဂိတ်ကို စစ်ကောင်တင်းကြပ် စွာစစ်ဆေးနေပြီး အဝင်အထွက်လုပ်သည့်ဒေသခံလည်း အခက်ခဲဖြစ်စေကြောင်းအသက် ၂၅ နှစ်အရွယ် အမျိူးသားတစ်ဦးကပြောသည်။

“ဂိတ်ကအ၀င်ဆိုသိပ်မစစ်ဘူး၊အထွက်ဆိုရင်တော့စစ်ဆေးတာတွေအသေလုပ်တယ်၊ မနေ့ကရပ်စောက်ကိုလူငါးယောက်သွားတော့မှတ်ပုံတင်လေးယောက်ပဲပါသွားတယ်၊အ၀င်ကရပြီးတော့ကျွန်တော် တို့အင်တောဖက်ကိုသွားလည်မယ်ဆိုပြီးထွက်တော့ဂိတ်မှာတစ်ယောက်မှတ်ပုံတင်မပါလို့ဆိုပြီးရစ်တယ်၊ သူတို့ကပြောတယ်အဲတစ်ယောက်အစားမှတ်ပုံတင်တစ်ခုထားခဲ့ရမယ်၊ပြန်လာမှယူလို့ပြောတော့ မှတ်ပုံတင်ထားခဲ့ရတယ်”ဟု ၎င်းအမျိူးသားကဆက်ပြောသည်။

ရပ်စောက်မြို့တွင်အခြေအနေများလည်းရူပ်နေပြီး ဂိတ်များတွင်အရင်ကထက်တင်ကြပ်စွာစစ်ဆေးမေးမြန်း​ခြင်းများရှိသလို၊ တခါတစ်လေ ပိုက်ဆံပေးရခြင်းလည်း ရှိကြောင်းသိရပါသည်။

“ကျွန်​တော်တို့အပြန်မှတ်ပုံတင်၀င်ယူတော့အဲဦးလေးကဂိတ်ပြောင်းသွားတယ်ဆိုလို့အဲဦးလေးရှိရာဂိတ်ဆီသို့ ၁၈ မိုင်လောက် သွားပြန်ယူရတယ်” ဟု၎င်းအမျိူးသားကဆက်ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းတွင် စစ်ကောင်စီ နှင့် TNLA ပူးပေါင်းတပ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ရပ်စောက်ဘက်မှ အင်အားဖြည့်တင်းနေကြောင်းသိရသည်။

ထိုအပြင် ရပ်စောက်မြို့နယ် အတွင်းတွင် RCSS/SSA နှင့် SSPP/SSA ရှမ်းတပ်နှစ်တပ်တို့လည်းမကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

#ppv014
#ရပ်စောက်
#စစ်ဆေးရေးဂိတ်
#စစ်ဆေးမှုတင်းကြပ်
#WhatHappenInMyanmar

VPN အခက်အခဲကြောင့် သတင်းများကို Facebook မှာ ကြည့်ရှုရန် အဆင်မပြေပါက The people’s voice – ခမ်းသားငေါဝ်း ရဲ့ YouTube Channel ကို subscribe လုပ်ထားရုံ၊ Telegram join ထားရုံ၊Tiktok like ထားရုံနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed