ခမ်းသားငေါဝ်း
အောက်တိုဘာ ၂၊၂၀၂၄

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင်သန်းခေါင်စာရင်းများစတင်ကောက်ယူနေပြီးဖြစ်ကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၂ ၌ အောက်တိုဘာလ ၁ ရက်နေ့တွင် သန်းခေါင်စာရင်းများလာရောက်ကောက်ယူသွားသည်။

” မနေ့ကလာသွားတာ စာရင်းကောက်တဲ့သူ ၃ ယောက်ရယ်၊ လမ်းပြ ဦးလေးတစ်ယောက်ပါတယ်၊ သူတို့က လူဦးရေစာရင်းတွေ၊ အိမ်ထောင်စုစာရင်းတွေတောင်းကြည့်တယ်၊ ဘယ်ကတည်းက လက်ထပ်ထားတာတွေ၊ကလေးက ဘယ်ခုနှစ်မှာမွေးခဲ့တာတွေအစ အကုန်မေးတယ်သွားတယ်” ဟုဒေသခံပြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စာရင်းလာကောက်ခြင်းကို ပြည်သူများ ကြည်ကြည်ဖြူဖြူ ပူးပေါင်းပါဝင် ဖို့လည်း ပြောကြားခဲ့ကြောင်းသိရသည်။

” သူတို့ပြောတာတော့ အခုစာရင်းကောက်တာက စစ်မှုထမ်းအတွက်မဟုတ်ဘူး၊ ဧည့်စရင်းလာစစ်တာလည်းမဟုတ်ဘူး၊ လဝက နဲ့ပူးပေါင်းပြီး သန်းခေါင် စာရင်းကောက်တဲ့အတွက်၊ စိုးရိမ်စရာမလိုဘူး၊ ပူးပေါင်းပါဝင်ပြီး အချက်အလက်မှန်မှန်ကန်ကန် ပေးဖို့လိုတယ်ဆိုပြီးပြောသွားတယ်” ဟု ၎င်း ကဆက်ပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲပြုလုပ်ရန်ကြိုးစားနေပြီး အောက်တိုဘာလ ၁ ရက်နေ့ မှ ၁၅ ရက်နေ့အတွင်း သန်းခေါင်းစာရင်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

PPV 003
ဓာတ်ပုံ-Cj
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ဘုရားဖြူရပ်ကွက်
#သန်းခေါင်းစရင်း
#ရွေးကောက်ပွဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *