ခမ်းသားငေါဝ်း
အောက်တိုဘာ ၁၊၂၀၂၄

ညောင်ရွှေမြို့ ၊ အင်းလေးဒေသတွင် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်များရေလွမ်းမိုးခြင်းခံရသည့်အပြင် မြွေအန္တရယ်ပါ ကြုံတွေ့နေရကြောင်းအောက်တိုဘာလ ၁ ရက်နေ့ ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသတွင် စက်တင်ဘာလအတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေးကန် ဒေသ ကျေးရွာအားလုံးနီးပါး ရေနစ်မြှပ်သဖြင့် ဒေသခံများရေဘေး ဒုက္ခကြုံတွေ့နေရသည့်အပြင် ရေတက်၍ ကုန်းမရှိသောကြောင့် မြွေများသည် ဒေသခံများ၏ နေအိမ်တို့တွင် တက်နေခြင်းများနှင့် ကြုံတွေ့နေရသည်။

“ မိုးရွာတယ်မလား ရေတက်တော့ ကုန်းမရှိတော့လို့ သူတို့လည်း နေရာမရှိတော့ အိမ်ပေါ်တွေတက်တယ်၊ လူမရှိတဲ့အိမ် ရေမြှပ်လို့ ပစ္စည်းရွေ့ထားတဲ့နေရာမှာဆိုလည်းရှိတယ်။ သူတို့ကိုမထိရင်တော့ရန်မမူ ပါဘူး။ တစ်ချို့ကလည်း ကြောက်လို့အိမ်ပေါ်တက်ရင် ရိုက်သတ်လိုက်တာမျိုးရှိတယ် ။အဲ့မြွေတွေက ကျွန်းမျှောနဲ့ ဗေဒါပင်တွေနဲ့နားက ပါလာတဲ့မြွေတွေအများကြီးဘဲ”ဟု ဒေသခံတစ်ဦးကပြောသည်။

အင်းလေးကန်ဒေသတွင် အောက်တိုဘာလ ၁ ရက်နေ့တွင်လည်း မိုးဆက်လက်ရွာသွန်းနေသည့်အတွက် အင်းလေးကန်ရေကျနှုန်း နည်းနေကြောင်းနှင့် ဝေးလံသည် ကျေးရွာများတွင်လည်းထောက်ပံ့ကူညိီမှုများလည်းလိုအပ်ကြောင်းသိရပါသည်။

PPV0013
ဓာတ်ပုံ-အွန်လိုင်း
#သဘာဝဘေး
#ညောင်ရွှေမြို့
#အင်းလေးဒေသ
#မိုးသည်းထန်စွာရွာသွန်း
#ရွှေညောင်
#ညောင်ရွှေနှင့်အင်းလေးကန်ဒေသ
#များရေဘေးဒုက္ခကြုံတွေ့နေရသည့်အပြင်
#မြွေများ
#တက်နေခြင်းများနှင့်ကြုံတွေ့နေရ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

Leave a Reply

Your email address will not be published. Required fields are marked *

You missed