ခမ်းသားငေါဝ်း

အောက်တိုဘာ ၁၊ ၂၀၂၄

ဘုရားဖြူ ရပ်ကွက်အတွင်းရှိ လွယ်ခမ်းလမ်းတစ်လျောက်လုံး ဆိုးဝါးစွာပျက်စီးနေကြောင်း ပြည်သူတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်အတွင်း ရှိ လွယ်ခမ်းလမ်းမှာ ဘုရားဖြူရပ်ကွက် နယ်မြေ ၁ ရှိပန်းတင်လမ်းမကြီးနှင့် နယ်မြေ ၄၊၅ တို့နဲ့ ဆက်သွယ်ထားသည့် အများပြည်သူသွားလာ အသုံးပြုနေသော လမ်းတစ်ခုဖြစ်ပြီး ဆိုးဝါးစွာ ပျက်စိီးနေသည်။

”လမ်းက အခြေအနေတော်တော် ဆိုးနေတယ်၊ မိုးရွာရင်ပိုဆိုးတယ်၊ ပြင်ဖို့သင့်နေပြီလမ်းက၊ သွားလာဖို့တောင် တော်တော်ခက်နေပြီ၊ အန္တရာယ်လည်းရှိတယ်၊ ရွာလမ်းထက်တောင်ဆိုးနေတယ်” လို့ ပြည်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

မြို့တွင်းရှိ လမ်းဖြစ်သည့် အပြင် အများပြည်သူများ သွားလာအသုံးပြုနေသောလမ်းဖြစ်သောကြောင့် အမြန်ဆုံး ပြုပြင်ခိုင်းစေလိုကြောင်း ၎င်း ဆက်ပြောသည်။

လွယ်ခမ်းလမ်းမှာ ဆိုးဝါးစွာပျက်စီးနေပြီး သွားလာရန် အလွန်ခက်ခဲသည့်အခြေအနေဖြစ်နေသော်လည်း သက်ဆိုင်ရာများမှ လာရောက်ပြုပြင်ပေးခြင်းမရှိကြောင်း သိရသည်။

PPV003
#လူ့အခွင့်အရေး
#တောင်ကြီးမြို့
#ဘုရားဖြူရပ်ကွက်အတွင်း
#လွယ်ခမ်းလမ်း
#ပန်းတင်လမ်းမကြီးနှင့်ဆက်သွယ်ထား
#အများပြည်သူသွားလာအသုံးပြုနေသောလမ်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။
signal – https://signal.me/#eu/b1BdB1VJ0J4DDza-uD79yC3cP7VuRGLNKT9z8_N_mdcUbrnJioZDPaAJDrB21W7

Leave a Reply

Your email address will not be published. Required fields are marked *