ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၅၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ပုံးအင်းဒေသတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်နှစ်မြှုပ်ကာ အကူညီများလိုအပ်နေကြောင်းသိရသည်။
၎င်းဒေသတွင် ဆန်စပါးအများဆုံးထွက်သည့်ဒေသဖြစ်သော်လည်း ရေနှစ်မြှုပ်မှုကြောင့် အငတ်ဘေးပါကြုံတွေ့နေရကြောင်းသိရသည်။
“ဆန် စပါးများစွာ ထွက်ရှိရာဒေသတစ်ခုဖြစ်ပေ မယ့် ယခုအခါမှာတော့ စားစရာ ဆန် ထမင်းတောင် မရှိတော့တဲ့ဘဝရောက်ရှိလို့ နေကြပါပြီ”ဟု ဆရာတော်အရှင် Ven Kovida ၏လူမှုကွန်ယက်စာမျက်နာအကောင့် တွင်ရေးသားထားသည်။
ပုံးအင်းဒေသတွင် ဆီဆိုင်၊ တောင်ကြီး၊ ဟိုပုံး ဆုံသည့်မြို့နယ်အစပ်ဖြစ်ပြီး ရေခြောက်လ၊ ကုန်းခြောက်လ ဖြစ်နေကြသော်လည်း ယခုနှစ်ရေနှစ်မြှုပ်မှုသည် သုံးကြိမ်ရှိပြီဖြစ်ကြောင်းသိရသည်။
လက်ရှိ ပုံးအင်းအောက်ပိုင်း ပန်လွန်ရွာတွင် ရေများနှစ်မြုပ်၍ နေမတော့သည့် အိမ်ခြေပေါင်း(၁၀၈) အိမ်လူဦးရေ ၃၇၂ ဦးက မွေတော်က္ကူဘုရား တွင်ရွှေ့ပြောင်း ခိုလုံနေကြောင်းသိရသည်။
ရေဘေးသင့်သူများအတွက် လောလောဆယ် အရေးအကြီးဆုံး လိုအပ်သည်မှာ စားစရာ စားနပ်ရိက္ခာဖြစ်ကြောင်း သက်တော်ရှည်ပန်လွန်ကျောင်း ဆရာတော်ဘုရားကိုဆက်သွယ်မေးလျှောက်ကြည့်ရာမှာဒီလိုအမိန့်ရှိပါတယ် ဟု အရှင် Ven Kovida ၏လူမှုကွန်ယက်စာမျက်နာအကောင့် တွင်ဖော်ပြထားသည်။
ပုံးအင်းဒေသ အောက်ပိုင်းများဖြစ်ကြသည့် ဝမ်းနောက်၊ ဝမ်းပုံး၊ ဆိုင်လဲ၊ နောင်စန့်၊ ပန်လွန်၊ ပန်မွန်း စသည့် ကျေးရွာများတွင် ရေကြီးရေလျှံမှု အဆိုးအခြေအနေကြုံတွေ့နေရကြောင်းသိရသည်။
Photo by Ven Kovida
#ppv002
#khamsarngor
#ပုံးအင်းဒေသ
#ရေမြှုပ်