ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၄၊ ၂၀၂၄

ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု ဒေါက်လုံကျေးရွာတွင်နေထိုင်သည့်လူငယ်လေးဦးက အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းချုပ်နှောင်ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း စက်တင် ဘာလ (၁၄)ရက်က PSLF/TNLAထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ကာလိုင်အုပ်စု ဒေါက်လုံကျေးရွာတွင်ပြီးခဲ့သည့် စက်တင်ဘာလ (၁၀) ရက်နေ့ညက ကိစ္စတစ်ခုနှင့်သွားရောက်ခဲ့သော အမျိုးသားတစ်ဦးကို သူခိုးဟုစွပ်စွဲခံရပြီး ရိုက်နက်ခံရခြင်းကြောင့်နေရာတွင်ပင်သေဆုံးသွားသည်။

သေဆုံးသွားသည့် ထိုအမျိုးသားသည် အသက် (၄၅) နှစ်အရွယ် ဦးဆန်အောင်ဖြစ်ပြီး ဟိုနောင်အုပ်စု လုံကိန်ကျေးရွာတွင်နေထိုင်သူဖြစ်သည်။

ထိုကဲ့သို့ သေဆုံးသွားသည့်အထိ ဖမ်းဆီးချုပ်နှောင်ရိုက်နှက်ခဲ့ကြသည့် ဒေါက်လုံရွာလူငယ်(၄)ဦးကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းPSLF/TNLAကထုတ်ပြန်ချက်တွင်ဆိုထားသည်။

#PPV0012
#မှုခင်း
#ကွတ်ခိုင်
#ရှမ်းမြောက်
#TNLA

Leave a Reply

Your email address will not be published. Required fields are marked *