ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၄၊ ၂၀၂၄
နောင်ချိုမြို့တွင် စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲအထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်(PSFL/TNLA)က သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင် စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံး ၁၃ လုံး ကြဲချတိုက်ခိုက်သဖြင့် နောင်ချိုရဲစခန်းဝန်းနှင့် လူနေရပ်ကွက်များအတွင်း ဗုံးများကျရောက်ပေါက်ကွဲပြီး အဆောက်အဦးများ ထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်တွင်လည်း နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ လူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ကဆိုသည်။
TNLA အုပ်ချုပ်နေသည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့များတွင် စစ်ကောင်စီက အရပ်သားပစ်မှတ်များဦးတည်ကာ လေကြောင်းမှတိုက်ခိုက်နေကြောင်း TNLA က ထုတ်ပြန်ထားသည်။
PPV001
ဓာတ်ပုံ-TNLA
#လူ့အခွင့်အရေး
#နောင်ချိုမြို့
#TNLA
#ရှမ်းပြည်နယ်မြောက်ပိုင်း
#လေယာဥ်ဖြင့်ဗုံးကြဲ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။