ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၄၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် မြေနိမ့်ပိုင်းရှိ ကျေးရွာများသည် ယခု ဒုတိယအကြိမ်ရေကြီးပြီး ဒေသခံများ ရေဘေးထပ်ရှောင်နေရကြောင်းသိရသည်။
သြဂုတ်လပထမပတ်တွင် ပထမအကြိမ် ရေကြီးပြီး ရေဘေးရှောင်ရကာ ယခုစက်တင်ဘာလတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုတိယအကြိမ်ရေကြီးခြင်းကြောင်း ဒေသခံများ ပြန်လည် ရေဘေးရှောင်နေရကြောင်းသိရသည်။
“တောင်ကျရေ ဝင်လာတာများတယ်။ မြို့ပေါ်ဆိုမြေနိမ့်ပိုင်းဖြစ်တဲ့ အနောက်ရပ်၊ ဘုရားကြီးအနီးမြေနိမ့်ပိုင်းတစ်ဝိုက်အကုန်မြုပ်တယ်။ အများစု တောင်ပေါ်ဘုန်းကြီးကျောင်း ကန်သာဦးဘုန်းကြီးကျောင်းတွေမှာရှောင်သွားကြတယ်”ဟု အသက်၂၅ အရွယ်အမျိုးသမီးက ခမ်းသားငေါဝ်းကိုပြောသည်။
ပင်လောင်းမြို့သည် တောင်ပေါ်မြို့ဖြစ်ပြီး ရေကြီးခြင်းနှင့်မကြုံဖူးသေးဘဲ ယခုနှစ်မှသာ စံချိန်တင်ရေကြီးမှုဖြစ်ပွားပြီး ရေဘေးနှစ်ခါရှောင်ခဲ့ရကြောင်း သိရသည်။
နောက်ဒေသခံတစ်ဦးကလည်း “ကျေးရွာဖက်ဆိုလည်း အရမ်းဆိုးတယ်။ခုဆိုအင်တာနက်လိုင်းကမရသေးဘူး။MPTဖုန်းလိုင်းဘဲပေါ်သေးတယ်။အင်တာနက်ကဖွင့်မရသေးဘူး ။ တောင်ပြိုတာ၊ ရေကြီးတာ ဒီဒုတိယတစ်ခေါက်က ပိုဆိုးတယ်။ ဒါပေမယ့်လိုင်းမရတော့ အထိအခိုက်တွေအသေအချာမသိရဘူး”ဟုခမ်းသားငေါဝ်းကိုပြောသည်။
ယခုတွင် မိုးရွာသွန်းမှုအနည်းငယ်သာရှိသေးပြီးမီးပျက်ခြင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်နေဆဲဖြစ်ပြီး MPT တ်မျိုးသာဖုန်းလိုင်းရနေပြီး အင်တာနက်လိုင်းမရနေသေးကြောင်း သိရသည်။
PPV005
ဓာတ်ပုံ-အွန်လိုင်း
#သဘာဝဘေး
#ပင်လောင်းမြို့ပေါ် ရပ်ကွက်
#မြေနိမ့်ပိုင်းကျေးရွာများ
#ယခုဒုတိယအကြိမ်ရေကြီးပြီး
#ဒေသခံများရေဘေးထပ်ရှောင်နေရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။