ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၄၊၂၀၂၄
မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများနှင့် ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်သတိပေးထုတ်ပြန်ထားသည်၊၊
ဖြစ်ပွါးနိုင်သည့်ရောဂါများမှာ (ဥပမာ – တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါ) နှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (ဥပမာ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါ) တို့ ဖြစ်ပွားနိုင်ခြေများနိုင်ပါသည်။
ရေနှင့်ပတ်သက်ပြီး
– သောက်သုံးရေကို စိတ်ချရသော ရေအရင်းအမြစ်မှ ရယူသုံးစွဲပါ။
အစားအစာနှင့်ပတ်သက်ပြီး
– အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်
– အစာမစားမီ လက်ဆေးပါ။ အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးပါ။
နေအိမ်ဝိုင်းအတွင်း ရေမစီးဘဲ ဝပ်နေခြင်း
– ခြင်မပေါက်ဖွားစေရန် အိမ်တွင်းနှင့် အိမ်ပတ်လည်ရှိ ရေဝပ်သောနေရာများကို ရှင်းလင်းပါ။
ကလေးများနှင့်ပတ်သက်ပြီး ကြီးကြပ်ခြင်း
– လက်ပတိုစပိုင်ရိုးစစ် ကဲ့သို့ရောဂါများ မဖြစ်စေရန် ကလေးများကို ရေကြီးနေသောနေရာရှိ ရေထဲတွင် ဆော့ကစားခြင်း မပြုစေရ။
သန့်ရှင်းရေးနှင့်ပတ်သက်ပြီး
– ပတ်ဝန်းကျင်ကို ရှင်းလင်းပါ။ ခြင်ပေါက်ဖွားရာနေရာများကို ဖယ်ရှားပါ။
မသန့်ရှင်းသောအစားအစာများ
– ရေကြီးနေသောနေရာမှ ရေဖြင့် ထိတွေ့မိသော အစားအစာများနှင့် ပျက်စီးသွားသော အစားအစာများကို စွန့်ပစ်ပါ။
သင် သို့မဟုတ် မိသားစုဝင်တစ်ဦးဦး ကူးစက်ရောဂါ လက္ခဏာတစ်ခုခု ဖြစ်ပွားပါက ဆရာဝန်နှင့် ချက်ခြင်းပြသပါ။
အထူးသဖြင့် သင်သည် ကယ်ဆယ်ရေးစခန်းတွင် ရှိနေပါက အခြားသူများသို့ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်စေနိုင်ပါသည် ဟုသတ်ိပေးထုတ်ပြန်ထားကြောင်း သိရသည်၊၊
PPV001
ဓတ်ပုံ-NUG
#ကျန်းမာရေး
#ရေကြီးရေလျှံပြီးနောက်
#ကျန်းမာရေးဆိုင်ရာနှင့်ပတ်သက်ပြီး
#လိုက်နာရမည့်အချက်များ
#ကျန်းမာရေးဝန်ကြီးဌာန
#အမျိုးသားညီညွတ်ရေးအစိုးရ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။