ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၂ ၊၂၀၂၄

ထိုင်းနိုင်ငံတွင် ကာလတို ဘာသာစကားသင်တန်း တက်ရောက်နေသူများကို နိုင်ငံကူးလက်မှတ်သက်တမ်း မတိုးပေးတော့ကြောင်း ဘန်ကောက်မြို့ရှိစစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးကယနေ့တွင် ကြောညာခဲ့သည်။

ထိုင်းနိုင်ငံတွင် ထိုင်းဘာသာစကားသင်တန်း(ကာလတို) (Certificate Program in Thai Language)နှင့် အင်္ဂလိပ်စာသင်တန်း (ကာလတို) (Teaching English for Teachers-TET) စသည့် သင်တန်းတက်ရောက်နေသူ အလွန်များလာသည့် အတွက် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်း တိုးမပေးတော့ကြောင်း ကြေညာချက် တွင်ပါရှိသည်။

လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ဘာသာ စကား ကာလတိုသင်တန်း တက်ရောက်နေသူများကို ဘန်ကောက်မြန်မာသံရုံးနှင့် ၊ချင်းမိုင်မြို့ အခြေစိုက် ကောင်စီဝန်ရုံးတွင် သက်တမ်းတိုးပေးမည် မဟုတ်ကြောင်း ဆိုထားသည်။

ဘွဲ့ကြို နှင့် ဘွဲ့လွန်သင်တန်း (Undergraduate, Postgraduate) (ကာလရှည်) တက်ရောက်နေသည့် ကျောင်းသူကျောင်းသားများနှင့် Primary ၊ Secondary အတန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆက်လက်သက်တမ်းတိုးပေးသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် လက စတင်ပြီး PV နိုင်ငံကူးလက်မှတ် အမျိုးအစားနှင့် ပြည်ပထွက်မည့် လူငယ်များကိုလည်းလေဆိပ်တွင် ဖမ်းဆီးစစ်ဆေးပြီး ပြည်ပထွက်ခွာခွင့် ပိတ်ပင်တားဆီးခြင်းများလည်း လုပ်ဆောင်ခဲ့သည်။

#ppv002
#ပတ်စ်ပို့
#ထိုင်း
#ဘာသာစကား
#သက်တမ်းမတိုး

Leave a Reply

Your email address will not be published. Required fields are marked *