ခမ်းသားငေါဝ်း
စက်တင်ဘာ ၁၂၊၂၀၂၄

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး ပွန်ချောင်းဘေးရှိပိတ်မိပြည်သူကို PNLA ရဲဘော်များကယ်ဆယ်ပေးနေကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းနှင့် မောက်မယ်မြို့နယ်ထဲတွင်တောင်ကျရေကြီးမှုကြောင့် ကားလမ်းပျက်စီးခြင်း၊ ပြည်သူများတောင်ယာအတွင်း၊ နေအိမ်အတွင်းပိတ်မိခြင်းများစက်တင်ဘာ ၁၁ ရက်နေ့က ဖြစ်ပွားသည်။

“မနေ့ကပွန်ချောင်းဘေးမှာ တောင်ကျရေကြီးလို့ တောင်ယာထဲရေအကုန်မြှုပ်ပြီး ပိတ်မိတဲ့ပြည်သူ ၁၀ ဦးကျော် ကယ်ထုတ်နိုင်ခဲ့တယ်၊ အသက်အန္တရယ်တော့မရှိတော့ဘူး၊ ရေထဲမျေားပါသွားတာမျိုးတော့မကြားသေးဘူး”ဟု PNLA ပြောခွင့်ရ ခွန်ရုဲင်းယံက ခမ်းသားငေါဝ်း ကိုပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA သည် ပျက်စီးသွားသည့် ကားလမ်းများ ပြန်ပြုပြင်ခြင်းလုပ်ငန်းများ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

တောင်ကျရေများ မိုးရေများကြောင့် ရှမ်းပြည်နယ် နှင့် ကရင်နီပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် ပွန်ချောင်းသည်လည်း ပေ၂၀ ထိ မြင့်တက်နေခြင်းကြောင့် ချောင်းအနီးသို့ သွားလည်ခြင်း ဖြတ်သန်းခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းထားသည်။

တောင်ယာပျက်စီးကုန်သည့် ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများ တဲများ ပျက်စီးကုန်သည့်အတွက် အရေးပေါ် စားနပ်ရိက္ခာများ ပြန်လည်ထူ ထောင်ရေးကိစ္စများလိုအပ်နေကြောင်းသိရသည်။

photo PNLA
#ppv002
#ကယ်ဆယ်ရေး
#PNLA
#ဆီဆိုင်အရှေ့ဘက်
#သဘာဝဘေး

Leave a Reply

Your email address will not be published. Required fields are marked *

You missed