ခမ်းသားငေါဝ်း

စက်တင်ဘာ ၁၀၊ ၂၀၂၄

မြန်မာနိုင်ငံတွင် Atom ဆင်းကဒ်နှင့် Ooredooဆင်းကဒ်များ ယခုရက်ပိုင်းတွင်လိုင်းများပြတ်တောက်နေပြီး သုံးစွဲသူများအတွက် အခက်အခဲဖြစ်နေရသည်ဟု စက်တင်ဘာလ(၁၀)ရက်နေ့တွင် ၎င်းတို့ဆင်းကဒ်သုံးဆွဲသူထံမှ သိရသည်။

Atom ၊Ooredooဆင်းကဒ်များသည် ဖုန်းလိုင်းအင်တာနက်လိုင်းများပြတ်တောက်မှုဖြစ်ပွားနေပြီး အွန်လိုင်းဖြင့်အလုပ်လုပ်ကိုင်နေသူများအတွက်သာမက ဖုန်းနှင့်အဆက်အသွယ်လုပ်ရန်အတွက်လည်း အခက်အခဲများဖြစ်နေရသည်။

“ခုရက်ပိုင်းမှဖြစ်တာ လိုင်းပျက်တာက အောရီဒူးကဒ်ဆို အ‌ရေးပေါ်ခေါ်ဆိုမှုတစ်ခုပဲရတော့တယ်၊ အဲက်တမ်ကဒ်ကတော့လိုင်းက ရတစ်ချက်မရတချက်ပဲ အင်တာနက်ကတော့သုံးလို့မရဘူး မိုးအရမ်းရွာလို့သူတို့ တာဝါတိုင်တွေပျက်သွားတာလားမသိ၊ ဒီမှာက MPTဆင်းကဒ်လိုင်းသိပ်မရလို့ အဲ့တာတွေသုံးနေပါတယ်ဆို လိုင်းပါထပ်ပျက်တော့ အဆင်မပြေနေဘူး” ဟုဆင်းကဒ်သုံးစွဲသူပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယနေ့မနက်ပိုင်းမှစကာ ၎င်းဆင်းကဒ်များမှအပြင် MPTဆင်းကဒ်သည်လည်း လိုင်းအတက်အကျဖြစ်နေပြီး တောင်ကြီးမြို့ပေါ်ရှိအိမ်သုံး Wifi များအချို့သည်လည်း အင်တာနက်လိုင်းမရပဲ ပြတ်တောက်နေကြောင်းသိရသည်။

#PPV007
#လူ့အခွင့်ရေး
#Atomဆင်းကဒ်
#Ooredooဆင်းကဒ်
#MPT
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed