ခမ်းသားငေါဝ်း

စက်တင်ဘာ ၉၊ ၂၀၂၄

မြန်မာထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေသည် ယနေ့ စက်တင်ဘာ(၉)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်တွင် စိုးရိမ်ရေမှတ်အထက်သို့ (၃)လက်မ ကျော်သွားပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲအထိ မြင့်တက်နိုင်သည်ဟု သိရသည်။

မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုတွင် ယနေ့ နံနက် (၈)နာရီခွဲအချိန်တွင် စိုးရိမ်ရေမှတ်အောက် (၂)ပေခန့် ရှိနေခဲ့ပြီး နေ့လည်(၁၂)နာရီအချိန်တွင် စိုးရိမ်ရေမှတ်အထက် (၃)လက်မကျော်လာခြင်း ဖြစ်ကြောင်း Tachileik News Agency ကဖော်ပြထားသည်။

လက်ရှိတွင် တရုတ်နိုင်ငံ၌ တိုက်ခတ်နေသည့် YAGI မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးအလွန်များနေပြီး မယ်ဆိုင်ချောင်းရေ တိုးလာနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အားကောင်းသော မုန်တိုင်းငယ်ကြောင့် စက်တင်ဘာလ (၁၀)နှင့် (၁၁)ရက်မှာ ရှမ်းပြည်နယ်တွင် နမ့်စန်၊လင်းခေး၊တောင်ကြီး၊ခရိုင်တို့မှာ မိုးကြီးနိုင်မည် ဖြစ်ကြောင်း SSSက ဖော်ပြထားသည်။

PPV0011
ပုံ- Tachileik News Agency အွန်လိုင်း
#မိုးလေဝသ
#သဘာဝဘေး
#မြန်မာထိုင်းနယ်စပ်
#တာချီလိတ်မြို့
#မယ်ဆိုင်ချောင်း
#ရေကြီး
#မိုးသည်းထန်စွာရွာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed