ခမ်းသားငေါဝ်း
စက်တင်ဘာ ၉၊၂၀၂၄
ခိုလန်မြို့ အခြေစိုက် တပ်ရင်းမှ တာဝန်ကျသည့်စစ်ကောင်စီတပ် တပ်ကြပ်ကြီး(၁) ဦးကို စက်တင်ဘာလ (၇) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိကြောင်း Royal Defence Force က သတင်းတွင် ထုတ်ပြန်ထားသည်။
ရှမ်းပြည်တောင်ပိုင်း၊နမ့်စန်မြို့နယ်၊ခိုလန်မြို့ အခြေစိုက် တပ်ရင်းမှ တာဝန်ကျသည့်စစ်ကောင်စီတပ်မှ ခိုလမ်မြို့ပခုက္ကူမြို့နယ်၊အင်ပင်ကျေးရွာသို့ မိသားစုကို ပြန်လည်ခေါ်ဆောင်ရန်သွားချိန် Royal Defence Force မှကြိုတင်သတင်းရရှိထားတာကြောင့် စောင့်ဆိုင်းဖမ်းဆီးရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်း စစ်ကောင်စီတပ် တပ်ကြပ်ကြီးကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီးစစ်ဆေးပေါ်ပေါက်ချက်အရ ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
PPV0011
ဓာက်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေ
#စန်မြို့နယ်
#ခိုလန်မြို့
#ပခုက္ကူမြို့နယ်
#အင်ပင်ကျေးရွာ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။