ခမ်းသားငေါဝ်း
စက်တင်ဘာ ၈၊ ၂၀၂၄
ပင်လောင်း၊ နောင်တရားဒေသဖက်တွင် ခရမ်းချဉ်သီး တစ်ပိဿာ ၁ ရာကျပ်ထိဈေးမရသဖြင့် ဝယ်သူလည်းမရှိသောကြောင့် ဒေသခံများ သွန်ပစ်ရနေသည်ဟု ဒေသခံတောင်သူများထံမှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း နောင်တရားဒေသတွင် ယခုလအတွင်းတွင် တောင်သူများစိုက်ပျိုးထားသည့်း ခရမ်းချဉ်သီး စျေးမရှိသည့်အပြင် ဝယ်သူလည်းမရှိသောကြောင်းဒေသခံ များသွန်ပစ်နေရကြောင်း သိရသည်။
“၁ ပိဿာကို ၁၀၀ တောင်မရတော့ဘူး။ ဝယ်သူလည်းမရှိတော့ သွန်ရတယ်။ ကုန်စိမ်းလည်းဖြစ်တော့ သိုလှောင်ရင်လည်းမရဘူးလေ။ ကြာရင်ကိုယ့်အိမ်မှာဘဲ ပုတ်သိုးနေမှာအဲတာကြောင်းသွန်ရတာပါ”ဟု ဒေသခံတောင်သူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ယခုနှစ်သည် ဆေးဖြန်းခ၊ဘခရမ်းချဉ်သီးမျိုး၊ဘမြေသြဇာခစျေးကြီးကြီးရင်းပြီးထားပြီးမှ ယခုလိုစျေးမရှိခြင်းကြောင်း တောင်သူများ အရှုံးများနှင့်သာရင်ဆိုင်နေရကြောင်း သိရသည်။
“မြေသြဇာ၊ ဓာတ်ဆီ၊ သွင်းအားစုအမျိုးမျိုး စျေးတက်နေပေမယ့် တောင်သူတွေစိုက်ပျိုးတဲ့ အာလူး၊ခရမ်းချဉ်သီး၊ ကော်ဖီထုပ်တွေတော့ စျေးမတက်ဘူး။ စျေးကျတာထက်ပိုပိုကျနေတယ်။ အဆင်မပြေဘူး။ ဒီဖက်ထွက်တဲ့ကုန်စိမ်းတွေစျေးမရတာ ၂ နှစ် ၃ နှစ်ရှိပြီ”ဟု နောင်တရားတောင်သူတစ်ဦးကပြောသည်။
ခရီးချဥ်သီးသည် ဇူလိုင်လ လလယ်လောက်တွင် တစ်ပိဿာအများဆုံး ၂၅၀၀ ကျပ်အထိရရှိသေးသော်လည်း သြဂုတ်လအတွင်းတွင် ၁ ပိဿာ ၃၀၀ ကနေမှ ၅၀၀ အထိ စျေးရနေသေးပေမယ့် ယခုတွင် ၁ ပိဿာ ၁၀၀ သာမရှိတော့ဘဲ ဝယ်သူသာမရှိခြင်းကြောင်း တောင်သူများ စိတ်ဓာတ်ကျနေခြင်းသာ ဆက်တိုက်ကြုံတွေ့နေရကြောင်းသိရသည်။
ဓာတ်ပုံ-CJ
#PPV005
#လူ့အခွင့်အရေး
#စိုက်ပျိုးရေး
#ခရမ်းချဥ်သီး
#ပင်လောင်း
#နောင်တရား
#ဝယ်ယူသူမရှိ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။