ခမ်းသားငေါဝ်း
စက်တင်ဘာ ၅၊ ၂၀၂၄

နအဖ အစိုးရလက်ထက်၂၀၀၉ တွင် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့သည့် ဆင်ကျော့ပြည်သူ့စစ်သည် စက်တင်ဘာလ ၅ ရက်တွင် SSPP နှင့်ပြန်လည်ပူးပေါင်းလာခဲ့ကြောင်း သိရသည်၊၊

ယခုလို SSPP နှင့် ပြန်လည်ပူးပေါင်းခြင်းအား ဆင်ကျော့ပြည်သူ့စစ် ဥက္ကဌ စဝ်လွယ်မော် ဦးဆောင်ခဲ့ပြီး ၁၄ နှစ်အကြာတွင် အခုလိုပြန်လည်ပူးပေါင်းခဲခြင်းဖြစ်ပြီး ပူးပေါင်းလာခြင်းအတွက် ကျေးဇူးတင်ကြောင်း ဗိုလ်မှူးကြီးစိုင်းဆုကဆိုထားသည်၊၊

“စက်တင်ဘာလ ၅ ရက်၊ ၂၀၂၄ ခုနှစ်ဟာ ရှမ်းပြည်စည်းလုံး ညီညွတ်ရေးအတွက်ကောင်းမွန်တဲ့ နေ့တစ်နေ့ ဖြစ်ပြီး SSA ဟာ ၂၀၀၉ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ မှာ အုပ်စု နှစ်စု ကွဲသွား ခဲ့တယ်။ တချို့က ပြည်သူ့စစ်အဖြစ်နဲ့ တချို့က SSA အဖြစ် ကွဲပြားစွာတည်ရှိခဲ့တာ ၁၄ နှစ်နီးပါးရှိခဲ့ပြီ”ဟု ဗိုလ်မှူးကြီး စိုင်းဆုက ၄င်း၏ လူမှုစာမျတ်နှာကွန်ယှက်ဆိုထားသည်၊၊

SPP/SSA ဌာနချုပ်တွင် SSPP/SSA ယခင်တပ်မဟာ (၃) (ပြည်သူ့စစ်ခဏတာဖြစ်သွားခဲ့ခြင်း) မှ အရာရှိများ ဦးဆောင်ကာ SSPP/SSA ၏ လမ်းကြောင်းအတိုင်း ဆက်လက်လက်တွဲ လုပ်ဆောင်သွားရန် ဗိုလ်ချုပ်ကြီး စဝ်လွယ်မော် ဦးဆောင်ခဲ့ပြီး ဥက္ကဌကြီး စဝ်လွယ်မော်၊ ရဲဘော်များ၊ တာဝန်ရှိသူများနှင့် ပြန်လည်ဆုံစည်းခဲ့ကြသည့် မိသားစုဝင်များအားလုံးကို ကျေးဇူးတင်ကြောင်း ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရှမ်းဘာသာစာပေနှင့် ရေးသားထားသည်၊၊

ဆင်ကျော့ပြည်သူ့စစ်က SSPP/SSA နှင့်လာရောက်ပူးပေါင်းခြင်းအား ရှမ်းလူထုက အိုးစည်ဗုံမောင်းဖြင့်ကြိုဆိုနေသည့် ဗွီဒီယိုဖိုင်များလည်း လူမှုစာမျတ်နှာကွန်ယှက် ဖေ့စ်ဘုတ်တွင် ပျံ့နှံ့နေသည်၊၊

နအဖ အစိုးရက ၂၀၀၉ ခုနှစ်တွင် အခြားအဖွဲ့များနှင့်အတူ SSPP/SSA အား ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့ခြင်းကြောင့် SSPP ဥက္ကဌဖြစ်သူ စဝ်လွယ်မောင်းနဲ့ တပ်မဟာ ၃ သည် ဆင်ကျော့(သီပေါအနီး) ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊၊

ယခင်က SSPP ဒုဥက္ကဌ စဝ်ကိုင်ဖနဲ့ တပ်မဟာ ၇ က ကာလိပြည်သူ့စစ်ကလည်း ( ခိုလန်အရှေ့ဖက်၊ သံလွင်မြစ်အနီး)ပြည်သူ့စစ် အဖြစ်အသွင်းပြောင်းကာ မြန်မာစစ်တပ်လက်အောက်ကို ရောက်ရှိခဲ့ကြောင်း သိရသည်၊၊

PPV001
ဓာတ်ပုံ-SSPP Infor
#SSPP
#ဆင်ကျော့ပြည်သူ့စစ်
#ဗိုလ်မှူးကြီးစိုင်းဆု
#SSPPအတွင်းရေးမှူး
#ဗိုလ်မှူးကြီးစိုင်းဆု
#နအဖ
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed