ခမ်းသားငေါဝ်း

စက်တင်ဘာ ၅၊ ၂၀၂၄

သပြေကုန်းရွာအုပ်စု (အွိုင်ႏတဖြေကွုံꩻ) အတွင်း အသက်(၁၈)နှစ်အထတ် (၄၀)အောက်အမျိုးသားမအားလုံး မဖြစ်မနေအခြေခံစစ်သင်တန်းတက်ရမည် ဟု PNO ပြည်သူ့စစ်က ပြောဆိုထားကြောင်း စက်တင်ဘာလ(၅)ရက်နေ့တွင် ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ သပြေကုန်းရွာအုပ်စု(အွိုင်ႏတဖြေကွုံꩻ)အတွင်းရှိ ကျေးရွာများမှ အသက်(၁၈)နှစ်အထက် (၄၀)အောက်အမျိုးသားများအားလုံးသည် PNO ပြည်သူ့စစ် အခြေခံစစ်သင်တန်းအား မဖြစ်မနေအကုန်တက်ရောက်ရမည်ဟု ဆိုသည်။

“တစ်အိမ်တစ်ယောက်မဟုတ်ဘူး ဟိုညအစည်းဝေးခေါ်တာတော့ သင်တန်းနေရာ သင်တန်းစမယ့်ရက်တွေတော့ မပြောသေးဘူး၊ လူနာမည် မှတ်ပုံတင်စာရင်းတွေတော့ အကုန်ကောက်ပြီးပြီ” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အခြေခံစစ်သင်တန်းကို သတ်မှတ်ထားသည့်အသက်အရွယ်အတွင်း မသန်စွမ်း၊ ကျန်းမာရေးမကောင်းသူကလွဲပြီး ကျန်တာအကုန်တက်ရမည်ဖြစ်ပြီး သပြေကုန်းရွာအုပ်စုအတွင်း ရှမ်းရွာနှင့် အင်းသားရွာများက စစ်သင်တန်းတက်ရန် ပါမပါတော့မသိရသေးကြောင်း ၎င်းကပြောသည်။

“အကယ်လို့ဒီအခြေခံစစ်သင်တန်းပြီးရင် တစ်ရွာကို သေနတ်(၁၀)လက်လောက်ရမယ်ထင်တယ် ပြီးရင်ကိုယ့်ရွာနဲ့ကို အလှည့်ကျကင်းပြန်စောင့်ရမယ်လို့ပဲပြောတယ်၊ အကယ်လို့အရင်လိုစံကားဘက်မှာ ရွာနားထိတိုက်ပွဲရောက်လာမယ်ဆိုရင်တော့ သင်တန်းတက်ထားတဲ့လူအကုန် သေနတ်ကတစ်ယောက်တစ်လက်ကိုင်ရမယ် ပြီးရင်ရွာထဲသူများဝင်မလာနိုင်အောင် ကာပစ်ထားရမယ်အလိုမျိုးပေါ့” ၎င်းကဆက်ပြောသည်၊၊

ကိုယ့်ရွာထဲတော်လှန်ရေးသမားများ မရောက်မချင်းတော့ ရှေ့တန်းထွက် စစ်မတိုက်ခိုင်းကြောင်းပြောထားပေမယ့် မည်သို့လာမည်အားမသိသေးရသေးကြောင်း စစ်ယူနီဖောင်းကလည်း ကိုယ့်ငွေနှင့်ကိုယ်ဝယ်ရမည်ဖြစ်ကြောင်း သိရသည်။

နောက်ဒေသခံတစ်ဦးကလည်း “ဘယ်လောက်ကုန်ကျမလည်းမသိသေးဘူး၊ စစ်ဝတ်စုံတစ်စုံကတော့သူတို့လာပေးမှာ အဲ့ဒါကိုဝတ်စုံဖိုးတစ်ဝက်က သူတို့ကိုပြန်ပေးရမယ်ပြောတယ် ဒီကာလကလူတိုင်း ပိုက်ဆံအကျပ်အတည်းကိုယ်စီနဲ့ဆိုတော့လေ အဆင်မပြေဘူး၊ “ဟု ပြောသည်။

သပြေကုန်းရွာအုပ်စုတွင် ယခင်၌အခြေခံစစ်သင်တန်းတက်ရန် PNO ပြည်သူ့စစ်ကလာရောက်စည်းရုံးခြင်းလုပ်ခဲ့သော်လည်း လူအနည်းစုသာတက်ရောက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် သတ်မှတ်ထားသည့် အသက်အရွယ်အလိုက် မဖြစ်မနေစစ်သင်တန်းတက်ရမည်ဖြစ်ကြောင်း သိရသည်။

#PPV007
ဓာတ်ပုံ-အွန်လိုင်း
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#သပြေကုန်းရွာအုပ်စု
#အွိုင်ႏတဖြေကွုံꩻကျေးရွာများမှ
#အသက်၁၈နှစ်အထက်၄၀အောက်
#အမျိုးသားများအားလုံးသည်
#ပြည်သူ့စစ်အခြေခံစစ်သင်တန်း
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက် လက် ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယိုတွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *

You missed