ခမ်းသားငေါဝ်း
ဩဂုတ် ၂၉၊ ၂၀၂၄
ခရမ်းချဥ်သီး တပိဿာကို ၃၀၀ ကျပ်ထိထိုးကျသွားသဖြင့် တောင်သူများအရှုံးများဖြင့်ရင်ဆိုင်နေရကြောင်း ခရမ်းချဥ်သီးစိုက်တောင်သူများထံမှ သိရသည်၊၊
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊နောင်တရား၊တီကျစ်ဒေသထွက်ခရမ်းချဥ်သီးများသည် ဇူလိုင်လ လလယ်လောက်တွင် တစ်ပိဿာအများဆုံး ၂၅၀၀ ကျပ်အထိရရှိသေးသော်လည်း ယခုတွင် တစ်ပိဿာ ၃၀၀ နှင့် ၄၀၀ ကြားသာ ရရှိနေသည့်အတွက် တောင်သူများအရှုံးဖြင့်ရင်ဆိုင်နေကြရကြောင်းသိရသည်။
“ခုဆို တစ်ပိဿာ၃၀၀၊၄၀၀ဘဲကျန်တယ်။ ဝယ်မယ့်သူတောင်မရှိဘူး။ ကုန်စည်အမျိုးမျိုးစျေးတက်နေတာ ကုန်စိမ်းကျတော့ စျေးလုံးဝမရဘူး”ဟု တီကျစ်ခရမ်းချည်သီးစိုက် တောင်သူတစ်ဦးကပြောသည်။
ထို့အပြင် ယခုနှစ်သည် မိုးများခြင်းကြောင့် ခရမ်းချည်သီးပင်မှိုကျခြင်း၊ အပင်ညိုးသွားခြင်းများနှင့်ကြုံနေရသည့်အပြင် ရေမြုပ်ခြင်းတို့ကြောင်း ခရမ်းချည်သီး ခြံများစွာလည်း ပျက်စီးခဲ့ရသေးကြောင်းသိရသည််။
“ခရမ်းချဉ်သီးစျေးအရမ်းကျတော့ တစ်ချို့ဆို ခူးတောင်မခူးတော့ဘူး။ ကားခတောင်ပြန်မရဘူးလေ စိုက်လို့ဘယ်လိုပျော်တော့မလဲ။ ပြီးရင် အသီးမသီးသေးတဲ့ခြံဆိုလည်း ရေတွေမြုပ်ကုန်တာ အပင်တွေသေသွားကြတယ်”ဟု၄င်းကဆက်ပြောသည်။
ပင်လောင်း၊နောင်တရား၊တီကျစ်ဖက်ထွက် ခရမ်းချဥ်သီးကိုအောင်ပန်းမြို့သို့ အဓိကတင်ပို့ရောင်းချကြပြီးအောင်ပန်းကနေမှ ရန်ကုန်၊မန္တလေး ၊မြဝတီ၊မူဆယ်ဖက်များသို့ အဓိကတင်ပို့ပြီး ယခုတွင်တိုက်ပွဲအခြေအနေများကြောင့် လမ်းများပိတ်နေပြီး စျေးကျနေရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ-အွန်လိုင်း
#PPV005
#လူ့အခွင့်အရေး
#စိုက်ပျိုးရေး
#ခရမ်းချဥ်သီး
#ပင်လောင်း
#နောတရား
#တီကျစ်