ခမ်းသားငေါဝ်း
ဩဂုတ် ၁၂၊ ၂၀၂၄

တောင်ကြီးမြို့ အထက (၁) ကျောင်းမြောက်ဘက် Nights 38 ညစျေးရှိ စျေးဆိုင်များအား ဖွင့်လှစ်ရောင်းချခြင်းမပြုရန်၊ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဟုဩဂုတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံစည်ပင် မှထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ညပိုင်းတွင် စည်ကားလက်ရှိသည့် Night 38 ညစျေးတွင် စည်ပင်က ယာဉ်ကြောပိတ်ဆို့မှုနှင့် ညလှည့်ကင်း ၊ပတ်ကင်း၊ ဧည့်စာရင်းများစစ်ဆေးဆောင်ရွက်ရာတွင် သွားလာရန် ခက်ခဲမှုများကြောင့် အထက(၁) မြောက်ဘက်လမ်းရှိ ဘယ်၊ ညာတို့၌ဖွင့်လှစ်လျက်ရှိသည့် စျေးဆိုင်များကို (၁၁.၈.၂၀၂၄) မှာစ၍ဖွင့်လှစ်ရောင်းချခြင်းမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရှမ်းပြည်နယ်စည်ပင်သာယာရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။

“ ညစျေးကိုဒီမနက် သွားကြည့်သေးတယ် အဲ့မှာ စျေးဆိုင်တွေ ပေးမရောင်းတော့ဘူးပြောတယ်။ အထက (၁)မြောက်ဘက်နားက ဆိုင်တွေလည်း ရောင်းမရတော့ဘူး။ ပြီးတော့ ကျောက်တိုင်ကွင်းဘက်နားက ထမင်းဟင်းဆိုင်ရှိတဲ့နေရာနားတော့ ပေးရောင်းတယ်ကော အဲ့မှာက နေရာ အကျယ်ရှိတော့ရောင်းရတယ်။ ဘုရားကျောင်းဘက်တော့ ပေးမရောင်းတော့ဘူး “ ဟု ကိုယ်တိုင်းကြုံတွေ့သူတောင်ကြီးဒေသခံတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ရှိ နာမည်ကြီးနေရာတစ်ခု ဖြစ်သည့် Night 38 ညစျေးတွင် ခုနောက်ပိုင်း စစ်ဘေးရှောင်များကလည်း ညစျေး၌ တနိုင်တပိုင်းရိုးရာအစားအစာများကိုလာရောင်းကြတဲ့အတွက် သူတို့ရဲ့ ဝတ်နေရေးအဆင်ပြေ သလောက်ရှိနေချိန်မှာ ခုလို့ စည်ပင်က လုပ်ဆောင်မှုကြောင့် စျေးဆိုင် ရောင်းသူများအတွက်ပိုမိုအခက်တွေ့နေရကြောင်းသိရပါသည်။

PPV0013
#လူ့အခွင့်အရေး
#တောင်ကြီးမြို့အထက၁
#ညဈေး
#ညလှည့်ကင်၊ပတ်ကင်း

Leave a Reply

Your email address will not be published. Required fields are marked *

You missed