ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၄

ပင်လောင်းတောင်ဖက် ကျေးရွာများတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့နေရကြောင်း ဒေသခံထံကသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့တောင်ဖက် ကျေးရွာများတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့နေရသည်။

“သူတို့ကလစဉ် ကောက်တယ်။အချိန်မှန်မှန်လည်းထည့်ပေးရတယ်။မထည့်ပေးရင် ရွာသူကြီးတွေ ရွာလူကြီးတွေက လာပြောတယ်။အကုန်လုံးထည့်ရတယ်။”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုတွင် ကုန်စျေးနှုန်းအမျိုးမျိုး တက်နေသည့်အပြင် စီးပွားရေး ၊မိသားစုဝင်ငွေနည်းနေသည့်အချိန်တွင် PNO ပြည်သူ့စစ်က လစဉ်ကောက်ခံနေခြင်းကြောင်း ဒေသခံများ အခက်ခဲဖြစ်လာကြကြောင်း၄င်းကဆက်ပြောသည်။

ထို့အပြင် ပြည်ပရောက်နေသူများထံလည်း PNO ပြည်သူ့စစ်က ကျေးရွာ အိမ်ခြေအပေါ်မူတည်ပြီး ငွေတစ်သိန်းကနေမှ နှစ်သိန်းအထိငွေကောက်ခံနေကြောင်း သိရသည်။

ပင်လောင်းမြို့နယ် ယခုတွင် တိုက်ပွဲငြိမ်ပြီ ဖြစ်သော်လည်း ကျေးရွာသူရွာသားများကို PNO ပြည်သူ့စစ်က ကျေးရွာထဲ ပြန်နေခွင့်မပြုသေးသည့်အတွက် စစ်ဘေးရှောင်နေရသည့် ကျေးရွာများလည်းရှိကြောင်း သိရသည်။

ဓာတ်ပုံ-အွန်လိုင်း

#PPV005
#လူ့အခွင့်အရေး
#ပင်လောင်းတောင်ဘက်
#လစဥြ
#ဆက်ကြေးပေးရ
#ပြည်ပရောက်သူများထံ

You missed