ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၄

စစ်ကောင်စီက ညဘက်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မီးရယ်ရွာနှင့် ထီရီးရွာတွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်အရှေ့ဘက် ထီရီးရွာတွင် မနေ့ည ၈ နာရီဝန်းကျင်က စစ်ကောင်စီလက် နက်ကြီးပစ်ခတ်ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖွား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအလားတူ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု မီးရယ်ရွာတွင် မနေ့ည ၁၀ နာရီကျော်အချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်။

‘’ထီရီးရွာက မြေးအဖွားနှစ်ဦးမှာ အဖွားကလက်ကျိုးတယ်၊ မြေးကလက်မောင်းလက်နက်ကြီးစစင်တယ်၊ မီးရယ် တယောက်တော့ ခြေထောက်ထိတယ်၊ သွေးထွက်လွန်တော့ စိုးရိမ်ရတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဘန်းယဉ်ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသခံယူနေပြီဖြစ်ကြောင်းသိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံထိခိုက်ဒဏ်ရ မှုရှိသလို နေအိမ်အဆောက်အဦးများထိခိုက်မှုလည်းရှိခဲ့ပြီး ပြည်သူများ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီဖြစ်ကြောင်းသိရ သည်။

လက်ရှိသတင်းရေးနေချိန်တွင် စစ်ကောင်စီက ထီရီးရွာဘက်၌ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုရှိသလို မီးရယ်ရွာ ဘက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

သြဂုတ် ၆ ရက်နေ့က ဆီဆိုင်အရှေ့ဘက် လွယ်ဆောင်၊ ထီဆုံ ရွာတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် PNLA, PNDF-KK ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ဘက်က၂၀ ဝန်းကျင်သေဆုံးခဲ့ပြီး၊ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ၄ ဦးကျဆုံးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံ သိရသည်။

photo CJ

#ppv002
#PNO
#PNLA
#PNDF-kk
#humanright
#လက်နက်ကြီး
#follower