ခမ်းသားငေါဝ်း
ဩဂုတ် ၇ ၊ ၂၀

အောင်ပန်းတွင် ဆိုင်ကယ်က လမ်းဖြတ်ကူးသူကိုဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း အောင်ပန်းထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် ဟိုက်ဒရိုကွင်းအနီး လမ်း၌ သြဂုတ်လ ၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဆိုင်ကယ်မောင်းသူ ဦးမျိုး(မိုးကောင်းရပ်ကွက်နေ) က လမ်းဖြတ်ကူးသူ ကိုအာကာ( ဟိုက်ဒရိုကွင်း) နေကို ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။

” ဖြစ်စဥ်ကတော့ ဆိုင်ကယ်မောင်းသူက အိမ်အပြန်၊ အရက်လည်းမူးနေတယ်၊ အရှိန်ကလည်းများတယ်၊ ဟိုကလည်း လမ်းကူးတဲ့အချိန်မှာ တိုက်မိသွားတာ” လို့နာရေးကူညီမှုအသင်းအောင်ပန်း တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဆိုင်ကယ်မောင်းသူမှာ ပက်လက်လန်ကျပြီး နောက်စိကွဲဒဏ်ရာရသွားကြောင်း အတိုက်ခံရသူမှာ ခြေ၊လက်ပွန်းပဲ့ဒဏ်ရာသာရသွားကြောင်း၎င်း ကဆက်ပြောသည်။

ပြည်သူများအနေဖြင့်လည်း ဆိုင်ကယ်မောင်းသည်ဖြစ်ဖြစ်၊ လမ်းဖြတ်ကူးသည်ဖြစ်ဖြစ် သတိဝိရိယ ပိုထားသင့်ကြောင်း၊ အရက်သောက်ပြီး ယဥ်များကို မောင်းနှင် ခြင်းမ ပြုသင့်ကြောင်း ၎င်းကဆိုသည်။

ဆိုင်ကယ်မောင်းနှင်သူ ကိုမျိုး မှာ နောက်စိကွဲဒဏ်ရာပြင်းထန်၍ သွေးအလွန်ထွက်သောကြောင့် နာရေးကူညီမှုအသင်းအောင်ပန်းမှ ကလော ရွှေလရောင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-နာရေးကူညီမှုအသင်းအောင်ပန်း
PPV003
#မှုခင်း
#အောင်ပန်းမြို့
#ညောင်ပင်ထောင်ရပ်ကွက်
#နာရေးကူညီမှုအသင်းအောင်ပန်း