ခမ်းသားငေါဝ်း
သြဂုတ် ၇၊ ၂၀၂၄

ဆီဆိုင်မြို့အရှေ့ဘက် လွယ်ဆောင်၊ ထီဆုံရွာတိုက်ပွဲတွင် စစ်ကောင်စီတပ် (၂၀) ဝန်းကျင် သေဆုံးခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အရှေ့ဘက် လွယ်ဆောင်၊ ထီဆုံကျေးရွာဘက်တွင် သြဂုတ် ၆ ရက်နေ့က စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နှင့် PNLA ၊ PNDF-kk ပူးပေါင်းတပ် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“ဒီတခါက PNO ပြည်သူ့စစ်တွေအရင်ထွက်ပြေးသွားတာ၊ ဗမာစစ်တပ်က ကျန်ခဲ့တော့ အများကြီးသေတယ်၊ “ ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် သြဂုတ် ၆ ရက်နေ့ညတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာပြီး ထီရီးရွာ မြေးအဖွားနှစ်ဦးနှင့် မီးရဲ့ရွာမှဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ အသေးစိတ်ကို ခမ်းသားငေါဝ်းမှ ထပ်မံဖော်ပြပါမည်။

တိုက်ပွဲတဖန်ထပ်မံဖြစ်ပွားလာခြင်းကြောင့် ဆီဆိုင်မြို့ရှိ နောင်ကျောကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာအုပ်စု နှင့် မြို့ပေါ်ရပ်ကွက်မှဒေသခံများအကုန်နီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

PNLO က မိုးတွင်း ဒေသခံပြည်သူလူထု အေးအေးချမ်းချမ်းစိုက်ပျိုးနေထိုင်နိုင်ရန် နောက်ဆုတ်ပေးထား သော် လည်း သြဂုတ်လ ၃ ရက်နေ့က စစ်ကောင်စီမှ နောင်ကျောရွာမှ လက်နက်ကြီးနှင့် PNLO ဌာနချုပ်ရှိရာ ဗန်းမက်ဒေသကို ပစ်ခတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲထပ်မံဖြစ်ပွားရခြင်းဖြစ်သည်။

#ppv002
#khamsarngor
#တိုက်ပွဲ
#လွယ်ဆောင်ရွာ
#ဆီဆိုင်