ခမ်းသားငေါဝ်း
သြဂုတ် ၆၊ ၂၀၂၄

စံကားဒေသတွင် စစ်ကောင်စီက ဒေသခံများကို နေ့တစ်ပိုင်းသာ ခြံသွားခွင့်ပြုထားသောကြောင့် အခက်အခဲကြုံတွေ့နေရသည်ဟု ဩဂုတ်လ(၆)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် စစ်ကောင်စီက ဒေသခံများအား နေ့တစ်ပိုင်းသာခြံသွားခွင့်ပြုထားသောကြောင့် ဒေသခံများကစိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရသည်။

“ဒီဘက်ကနေ့ပိုင်းပဲသူတို့ခြံပေးသွားတော့ အလုပ်ကတစ်ရက်နဲ့ပြီးမဲ့ဟာကို နှစ်ရက်လုပ်လိုက်ရတော့ အဆင်မပြေဘူး၊ ပြောင်းပင်တွေဆိုလည်းအခုကအပင်တွေရှည်နေပြီ မြေဩဇာထည့်ပေးဖို့လိုသလို ပေါင်းပင်တွေလည်းရှင်းပေးရတယ်လေ၊ အရေးထဲခြံသွားရင်သူတို့ဆီခွင့်တောင်းပြီးမှပဲသွားရတယ်” ဟုစံကားအင်းဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဒေသခံများခြံသွားရာတွင် သတ်မတ်ထားသည့်အချိန်ထက်ကျော်လွန်ပြီး ခြံထဲရှိနေသေးပါက စစ်ကောင်စီတပ်က သေနတ်ဖြင့်ရမ်းသမ်းပြီးလှမ်းပစ်တာမျိုးလည်းရှိကြောင်း ၎င်းကပြောသည်။

စံကားဒေသတွင် ဇူလိုင်လ(၁၉)ရက်နေ့၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲအတွင်း ဒေသခံနေအိမ်ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-Cj

#PPV007
#လူ့အခွင့်အရေး
#ညောင်ရွှေမြို့နယ်
#စံကားဒေသ

Leave a Reply

Your email address will not be published. Required fields are marked *

You missed