ခမ်းသားငေါဝ်း

သြဂုတ် ၆၊ ၂၀၂၄

လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အား သိမ်းပိုက်နိုင်ခြင်းကို ချင်းညီနောင်မှ ဝမ်းသာဂုဏ်ယူကြောင်း သြဂုတ်လ (၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြောက်ပိုင်းမဟာမိတ်ညီနောင်(၃)ဖွဲ့နှင့် အခြားတော်လှန်ရေးအင်အားစုများ စုပေါင်းပြီး သိမ်းပိုက်နိုင်ခဲ့ခြင့်အား ချင်းညီနောင်မှ ဝမ်းသာဂုဏ်ယူကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊

သိမ်းယူထားသည့်မြိုများတွင် ပြည်သူလူထုများ၏ အသက်အိုးအိမ်နှင့်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ကြိုးစားနေသည့်အပေါ်လည်း အားရယုံကြည်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါသည်ဟုလည်း ဖော်ပြထားသည်။

ထို့အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၏ စစ်ရေးအရှိန် ‌အောင်မြင်မှုသည် ရှမ်းမြောက်နှင့် မန္တလေးဒေသအထိ စစ်ရေးအောင်မြင်မှုများအပေါ်လည်း ချင်းညီနောင်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်းဆိုသည်။

ချင်းညီနောင်အနေဖြင့်လည်း ထိန်းချုပ်လှုပ်ရှားရာ နယ်မြေမှာ မကြာမီကာလအတွင်း စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်စေရန်အတွက် မဆုတ်မနစ်ကြိုစားအားထုတ်လျက်ရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊ တရားမျှတမှု၊ အပြန်အလှန်လေးစားတန်ဖိုးထားမှု၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ထရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရာတွင်လည်း တနိုင်ငံလုံးရှိတော်လှန်ရေးအဖွဲအစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

PPV008
Photo-Onlin
#စစ်ရေး
#လားရှိုး
#မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့
#အရှေ့မြောင်တိုင်းစစ်ဌာနချုပ်
#ရမခ
#ချင်းညီနောင်

Leave a Reply

Your email address will not be published. Required fields are marked *

You missed