ခမ်းသားငေါဝ်း
ဩဂုတ် ၁ ၊ ၂၀၂၄

ဝိန်းလုံရွာသားများပို့ထားသည့် ထမင်းထုပ်နှင့်အသားဟင်းများကို PNO ပြည်သူ့စစ်က သုံးရက်ကြာမှ ဖွင့်စားသောကြောင့် လောက်ကောင်တွေ့သည့်အခါ မကောင်းကြံသည်ဟုဆိုပြီး ရွာသားများ ကသိန်း ၂၀၀ ဒဏ်ကြေးဆောင်လိုက်ရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ဝိန်းလုံရွာသားများပို့ထားသည့် ထမင်းထုပ်နှင့်အသားဟင်းများကို PNO ပြည်သူ့စစ်က သုံးရက်ကြာမှ ဖွင့်စားသောကြောင့် လောက်ကောင်တွေ့သည့်အတွက် မကောင်းကြံသည်ဟုစွပ်စွဲပြီး သိန်း ၂၀၀ ဒဏ်ကြေးဆောင်စေခဲ့သည်။

“ရွာသားတွေပို့ပြီးသူတို့မစားဘူး။ ၃ ရက်ကြာမှအထုတ်ဖြည်တယ်။ လောက်ကောင်တွေတော့ သူတို့ကို မကောင်းကြံတယ်ဆိုပြီး ရွာသားကို အတင်းစွပ်စွဲတယ်။ သိန်း၂၀၀ တောင်းပြီး ရွာသားတွေပေးရတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ထမင်းထုပ်ပို့သောအခါတွင်လည်း ရွာသားများပို့သည့် ပဲပုတ်ဟင်း၊ ခရမ်းသီးဟင်းများကိုလည်း PNOဘပြည်သူ့စစ်သားများက မစားကြောင်း ထီကတူး (ခေါ်)နမ်းစွုက်ရွာမှ ချက်သည့်ထမင်းအားလက်မခံဘဲ ထမင်းအားပေါင်းခိုင်းပြီးမှသာစားကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိူင်လ ၇ ရက်နေ့တွင်လည်း ထမ်းယံ ရွာသားပို့ပေးသည့် ထမင်းထုပ် ၅၀၀ အားစစ်ကောင်စီစစ်တပ်နှင့် PNOပြည်သူ့စစ်တို့က မစားဘဲ ကန်ထုတ်ခဲ့သေးကြောင်းသိရသည်။

#PPV005
#လူ့အခွင့်အရေး
#ဆီဆိုင်
#ဝိန်းလုံ
#တဘက်ကျေးရွာအုပ်စု

Leave a Reply

Your email address will not be published. Required fields are marked *

You missed