ခမ်းသားငေါဝ်း
ဇူလိုင် ၂၆၊ ၂၀၂၄

လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တစ်ကြော တွင် တိုက်ပွဲနေ့စဥ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ အခိုင်အမာတပ်စွဲထားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးထံမှ သိရသည်။

ကရင်နီ(ကယား) ပြည်နယ် ၊လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တစ်ကြောတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လနီးပါးကြာမြင့်ပြီဖြစ်ပြီး စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် အခိုင်အမာတပ်စွဲထားသည်။

” အဲ့ဘက်မှာတိုက်ပွဲ ပြန်ဖြစ်တာ တစ်လနီးပါးရှိပြီ၊ မိုင်းလုံးမှာက တစ်ခြမ်းကိုတော့ ကျွန်တော်တို့တော်လှန်ရေးတပ်တွေသိမ်းလိုက်ပြီ၊ ကျန်တဲ့အပိုင်းတော့ ခုထိတိုက်ယူနေတုန်းပဲ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တစ်လနီးပါး တိုက်ပွဲအတွင်းတွင် တော်လှန်ရေးရဲဘော် ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုရှိသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးကြာင်း ၎င်း ကဆက်ပြောသည်။

မိုင်းလုံးရပ်ကွက်ရှိ ၁၁ ထပ်တိုက် နှင့် GTC ကျောင်းတို့တွင် တိုက်ပွဲနေ့စဥ်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားအင်အား ၅၀၀ ကျော်ဖြင့် တပ်စွဲခုခံ နေကြောင်းသိရသည်။

#PPV003
#တိုက်ပွဲ
#လွိုင်ကော်
#မိုင်းလုံး
#ကရင်နီပြည်

Leave a Reply

Your email address will not be published. Required fields are marked *

You missed