ခမ်းသားငေါဝ်း
ဇူလိုင် ၂၅၊ ၂၀၂၄

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် ၉ သောင်း ၅ ထောင် ၄၅၀ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar ၏ အချက်အလက်အရသိရသည်။

အာဏာသိမ်းသည့်အချိန်မှ စတင်၍ ၂၀၂၄၊ ဇွန်လ ၃၀ ရက်နေ့အထိ အရပ်သားနေအိမ် ၉ သောင်း ၅ ထောင် ၄၅၀ လူံးမီးရှို့ဖျက်ဆီးခံရပြီး ယင်းအရေအတွက် ထဲမှ နေအိမ်ပေါင်း ၆ သောင်း ၇ ထောင် ၅ ရာ ၈၉ လုံး မှာ စစ်ကိုင်းတိုင်းအတွင်းမှဖြစ်ပြီး တစ်နိုင်ငံလုံးတွင် မီးရှို့ဖျက်ဆီးခံရမှု၏ ၇၀ ရာခိုင်နူန်းကျော်ရှိကြောင်း သိရသည်။

ထို့အတူ ၂၀၂၄ ခုနှစ်အတွင်း မီးရှို့ဖျက်ဆီးမှုများကြောင့်နေအိမ် ပေါင်း ၁ သောင်း ၅ ထောင် နီးပါး ဆုံးရှုံးပျက်ဆီးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် လည်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက် တိုးလာကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇွန်လ အတွင်း မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ တနင်္သာရီတိုင်း ၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွင်းရှိ အရပ်သားနေအိမ်ပေါင်း (၁,၁၀၉) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ပထမနှစ်ဝက်အတွင်း စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်းရှိ ရွာပေါင်း (၁၆)ရွာအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်ပေါင်း (၃၁၀၀) ကျော် ပျက်စီးခဲ့ကာ အကူအညီများလိုအပ်နေကြောင်း သိရှိရသည်။
မီးရှို့ခံထားရသည့် ကျေးရွာများအတွင်း ပြန်လည်ဝင်ရောက်သည့်အခါ မိုင်းအန္တရာယ်အပါအဝင် ဘေးကင်းလုံခြုံရေးအတွက် စိတ်ချရမှသာ ပြန်လည်ဝင်ရောက်သင့်ကြောင်း Data For Myanmar မှ သတိပေးအကြုံပြုထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည့် မီးရှို့မှုများနှင့် ပက်သက်ပြီး နောက်ဆုံးအခြေအနေများကို အသေးစိတ်သိရှိနိုင်ဖို့ ခက်ခဲနေဆဲဖြစ်ကြောင်း Data For Myanmar မှ ဆိုသည်။

PPV003
#လူ့အခွင့်အရေး
#စစ်တပ်အာဏာသိမ်းပြီး
#အရပ်သားနေအိမ်
#မီးရှို့ဖျက်ဆီးခံရမှု

Leave a Reply

Your email address will not be published. Required fields are marked *

You missed