ခမ်းသားငေါဝ်း
ဇူလိုင် ၁၁၊ ၂၀၂၄

ပင်လောင်းဒေသရှိ စစ်ရှောင်များ ရာသီတုပ်ကွေးများခံစားနေရပြီး ဆေးဝါးများနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူတစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းဒေသရှိ စစ်ရှောင်များ မိုးရာသီဖြစ်သည့်အတွက် ရာသီတုပ်ကွေးများ ခံစားနေရပြီး ဆေးဝါးနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ဆားများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

“မိုးရာသီဆိုတော့ ရာသီတုပ်ကွေးတွေတော်တော်ဖြစ်ကြတယ် ခုကျွန်တော်တောင်ဖြစ်နေတယ်ပေါ့နော် စစ်ရှောင်တုန်းက ဘာမှလည်းသိပ်မပါလာကြဘူး စိုက်ပျိုးရာသီလည်းဖြစ်နေတော့ မစိုက်ရတော့ခက်နေကြတယ် ရှောင်နေတဲ့ရွာတွေမှာလည်း နေ့စားမခေါ်တော့ အရမ်းခက်ခဲတယ်”ဟု စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။

ယခုလက်ရှိတွင် ပင်လောင်းတောင်ဖက်တိုက်ပွဲကြောင့် ပြည်သူများတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်အရေအတွက်၂ သောင်းကျော်ခန့်ရှိကြောင်းသိရသည်။

ပင်လောင်းမြို့တောင်ဖက်တွင် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူများ နောက်တစ်ကြိမ် ထပ်မံတိမ်းရှောင်နေရကြောင်းသိရသည်။

#PPV008

Leave a Reply

Your email address will not be published. Required fields are marked *

You missed