ခမ်းသားငေါဝ်း
ဇူလိုင် ၇၊၂၀၂၄
ဒရုန်းဗုံးထိထားသည့်ဆောင်းပြောင်း ရွာနေ ဦးကျော်လွန်းသည် ဆေးကုသရင်းသေဆုံးသွားခဲ့ကြောင်း ဇူလိူင်လ ၇ ရက်နေ့တွင် သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ၊ဆောင်းပြောင်းရွာနေ ခွန်ကျော်လွန်းသည်ဇွန်လ ၃၀ ရက်နေ့တွင် ဒရုန်းဗုံးထိဒဏ်ရာရရှိပြီးနောက် ဇူလိူင်လ ၁ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
“သူ ၁ ရက်ကသေဆုံးသွားပြီ။ဒရုန်းထိတာ ၄ ယောက် ဦးခွန်ကျော်လွန်းတော့ဆုံးပြီ။ သူကအသက် ၅၀ ရှိပြီ”ဟု ရွာခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ဆောင်ပြောင်းကျေးရွာသည် လက်ရှိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်ခြင်း ၊လေကြောင်းအသုံးပြုပြီး လာရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဒေသခံများသည် ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာထဲတွင် လက်နက်ကြီးကျရောက်မှုများခြင်းကြောင့် နေအိမ်မီးလောင်မှုလည်းရှိနေကြောင်း သိရသည်။
လက်ရှိ ဆောင်းပြောင်းဒေသတွင်စစ်ကောင်စီကဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်ထားပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သောကြောင်း ထိခိုက်ဆုံးရှုံးမှုအသေးစိတ်ကိုမသိရသေးပါ။
#PPV005