ခမ်းသားငေါဝ်း၊ မေလ ၁၉၊၂၀၂၃
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့သည် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသောနည်းလမ်းများ ရှာဖွေ‌သွားမည်ဟု NCA အဖွဲ့ဆွေးနွေးထုတ်ပြန်ထားသည်၊၊
အဆိုပါ နည်းလမ်းများ ရှာဖွေရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရန်၊ နိုင်ငံရေးဆွေးနွေးပွဲများသည် အမျိုးသားရေးလုပ်ငန်းစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ရေးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်၊၊
ထို့အပြင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်တွင် နိုင်ငံတကာ၏ အခန်းကဏ္ဍ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်း သားပြည်သူတစ်ရပ်လုံး လိုအပ်‌‌သော ဖက်ဒရယ် အခြေခံမူပေါ်တွင် ခိုင်မာစွာရပ်တည်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်၊၊
ယခုအစည်းဝေးသည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော NCA-S EAO (၇) ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းကော်မတီ(NSPNC) တို့အလွတ်သဘော အစည်းအဝေးတွင် သဘောထားစုစည်းချက်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း အချက်အလက်တွင်ပါရှိသည်၊၊
အဆိုပါထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ မေလ ၁၇ရက် နှင့် ၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇) ဖွဲ့ ထိပ်သီးမျက်နှာစုံညီအစည်းအဝေးအပြီးတွင် ထုတ်ပြန်ထားခြင်းဖြစ်သည်၊၊
ထို့အပြင် NCA-S EAOနဲ့ AHA Center တို့ ပူးပေါင်းဆောင်ရွက်ခဲ့သော လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းစဉ်များကိုလည်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီးနောက် အရပ်သားကာကွယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နည်းလမ်းရှာဖွေ လုပ်ဆောင်သွားရန်လည်း ဆွေးနွေးခဲ့ကြ‌ကြောင်း ဆိုထားပါသည်၊၊
မေလ ၁၄ ရက်နှင့် ၁၅ ရက်တွင် ဖြစ်ပွားခဲ့သော
အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အပါအဝင် အခြားမုန်တိုင်းဒဏ်သင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများအတွက် NCA-S EAO (၇) ဖွဲ့အနေဖြင့် တတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်အရ သိရှိရပါသည်၊၊

Leave a Reply

Your email address will not be published. Required fields are marked *

You missed