ခမ်းသားငေါဝ်း

ဇွန် ၁၈၊ ၂၀၂၄

မန်တုံမြို့နယ်၊ မန်တောက်ကျေးရွာတွင် ဇွန်လ ၁၇ ရက်နေ့၌ အမျိုးသမီး ၁ ဦး ဟင်းသီးဟင်းရွက်ရှာစဥ်မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း TNLA ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် မန်တောက်ကျေးရွာရှိ အသက် ၃၄ နှစ်အရွယ် ယာအီဆေးဆိုသူသည် စစ်ကောင်စီတပ်စခန်းဟောင်းဖြစ်သည့် (၁၃၀) တပ်စခန်းနေရာအနီးတွင် ဟင်းသီးဟင်းရွက်ရှာနေစဥ် မြေမြုပ်နိုင်းနင်းမိ၍ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ထို့အပြင် ဇွန်လ ၁၁ ရက်နေ့တွင် မန်တုံမြို့ စစ်ကောင်စီတပ်စခန်းဟောင်း၌ မှိုင်းပေါက်ကွဲ၍ မှိုရှာသည့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ် ပန်လော့ရွာတွင် ထောင်မိုင်းပေါက်ကွဲ၍ ပြည်သူတစ်ဦး ခြေတစ်ဖက်ပြတ် ဖြစ်စဥ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

တအောင်းဒေသအတွင်း ၁၀၂၇ စစ်ဆင်ရေးကာလ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာဒေသများတွင် မိုင်းအန္တရာယ် နှင့် စစ်လက်နက်ကြွင်းကျန်အန္တရာယ် ရှိနေသေးသောကြောင့် ပြည်သူများအနေဖြင့် တောတောင်ထဲသို့ အလုပ်သွားခြင်း၊ ဟင်းသီးဟင်းရွက်ရှာခြင်းကို သတိပြုစေလိုကြောင်း TNLA ကထုတ်ပြန်ထားသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *

You missed