ခမ်းသားငေါဝ်း
ဇွန်လ ၅ ၊ ၂၀၂၄
မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ဟွေးမခွိုသိုမ်းပအိုဝ်းရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ကမ်းပါးမြေပြိုမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံ မောက်စံပယ်ကျေးရွာအုပ်စု ဟွေးမခွိုသိုမ်းရွာတွင် ဇွန်လ ၃ ရက်ညက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဘုန်းကြီးကျောင်းအနောက်ဘက် ကျောက်ကမ်းပါးမြေပြိုမှုဖြစ်ပြီး ကလေးများကျောင်းသွားလာမှု အခက်ခဲ ဖြစ်ခဲ့ရသည်။
“ကလေးတွေ ကျောင်းသွားကျောင်းလာက အခက်ခဲဖြစ်ရတာပေါ့။ ခုတော့လူကြီးတွေ ပြန်လုပ်ပေးဖို့ မျှော်လင့် ရတယ်။ “ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ဟွေးမခွိုသိုမ်းဘုန်းကြီးကျောင်း အပေါ်ဘက် တောင်စောင်းတကြောတွင် ပအိုဝ်းအများစု နေထိုင်ကြကြောင်း သိရသည်။
ဟွေးမခွိုသိုမ်းရွာတွင် ရှမ်း၊ ကရင်၊ ကရင်နီ၊ ပအိုဝ်း၊ မျော့ စသည့်တိုင်းရင်းသားများ အတူတကွနေထိုင်သည့် ကျေးရွာဖြစ်သည်။
#ppv002