ခမ်းသားငေါဝ်း
ဇွန် ၅ ၊ ၂၀၂၄
ကယန်းလေးရွာသားတစ််ဦးကို စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဇွန်လ ၄ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ကယန်းလေးရွာနေအသက် ၅၉ နှစ်အရွယ် ဖြားစွူး(ခ)ဦးဂျော့လောင်ကို မေလ၂ ရက်နေ့တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်တို့ကဖမ်းဆီးပြီး ပန်တိုင်း ရွာအနီးတွင်ညှင်းပန်းနိပ်စက်ပြီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“သူတို့က လက်နက်အားကိုးပြီးပြည်သူလူထုကို အနိုင်ကျင့်နေတာ။ ကျင့်ဝတ်မရှိဘူးလေအရင်ကတည်းက ဒီလိုပဲအနိုင်ကျင့်လာတာလေ။လက်နက်ကိုင်ပြီးပြည်သူလူထုကိုသတ်ဖြတ်တယ်ဆိုတာ အကြမ်းဖက်သမားပဲဖြစ်ပါတယ်” ဟုပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLAမှ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဦးဂျော့လောင်ကို ဖမ်းဆီးသွားပြီးနောက် ပြန်လည်လွတ်ပေးရန် ဇွန်လ ၃ ရက်နေ့မနက်တွင် ဒေသခံအချို့မှ လိုက်သွားစဉ် ပန်တိုင်းကျေးရွာအနီးအရောက်တွင် ရိုက်နှက်သတ်ဖြတ်ခံထားရသည့် ဦးဂျော့လောင်၏ အလောင်းကိုသာ တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
ဦးဂျော့လောင်(ခ)ဖြားစွူးသည် သာမန်ပြည်သူတဦးသာဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မှ ပတ်သက်ခြင်းမရှိဘဲ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်က မည်သည့်အကြောင်းရင်းကြောင့်ဖမ်းဆီးသတ်ဖြတ်သည်ကို မသိရသေးကြောင့် သိရသည်။
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် မေလ မှ ယခု ဇွန်လ ၃ ရက်နေ့အထိ ပြည်သူလူထုအား ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ ပြန်ပေးဆွဲငွေညှစ်ခြင်းများ ၊ ရိုက်နှက်နှိပ်စက်ခြင်းများ ၉ ကြိမ်ပြုလုပ်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပြောထားပါသည်။
#PPV005