ခမ်းသားငေါဝ်း၊ ဧပြီ ၂၈၊ ၂၀၂၃
နိုင်ငံတကာ မိုးလေဝသဌာန၏ ခန့်မှန်းတွက်ချက်အရ လာမည့် မေ၊ ဇွန်နှင့်ဇူလိုင်လအတွင်း အင်အား အနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ဧပြီ၂၈ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်၊၊
အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ ပုံမှန်အခြေအနေတွင် ရှိနေကြောင်း သိရှိရသည်၊၊
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုသည် ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်၊၊
အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ကြောင်းဆိုထားသည်၊၊
ဧပြီလ၁၉ရက်နေ့မှ မေလ ၁ရက်နေ့အထိ အပူချိန်စံချိန်မြင့်တက်သွားနိုင်ကြောင်း မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင််က ခန့်မှန်းသုံးသပ်ထားသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့၏ ယနေ့အပူချိန်သည် ၃၁ ဒီဂရီ စင်တီဂရိတ် တွင်တည်ရှိနေသည်၊၊
ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ နှင့်ခင်ဦးမြို့နယ်များတွင် အပူချိန်မြင့်တက်ပြီး Heat stroke ကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်းရှိလာကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You missed