ခမ်းသားငေါဝ်း
မေ ၂၇ ၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း သွားလာလုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့အား ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS မှမတ်လကုန်မှ မေလအထိ ခြုံခိုတိုက်ခိုက်မှု(၆)ကြိမ် ရှိကြောင်း SSPP က မေလ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

RCSS ဖက်က မိုင်းဆွဲတိုက် ခိုက်ခြင်း ၊ ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခြင်းအား မတ်လ ၃၁ ရက်နေ့ ၊မေလ ၁၅ ရက်နေ့၊မေလ ၁၇ ရက်နေ့၊မေလ ၁၉ ရက်နေ့ ၊မေလ၂၅ ရက်နေ့၊မေလ၂၆ ရက်နေ့ တို့တွင် စုစုပေါင်း ၆ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဆိုထားသည်။

RCSS မှ ၎င်းဒေသအတွင်း သွားလာလုပ်ရှားနေ သည့် SSPP တပ်ဖွဲကို ခြုံခို တိုက် ခိုက်ခြင်း ၊ မိုင်းဆွဲတိုက်ခိုက်ခြင်း(၆) ကြိမ်တိုင်ရှိပြီဖြစ်သော်လည်း SSPP ဖက်မှ RCSSကို ထိုစစ်ဆင်ပြီး ပြန်လည်တိုက်ခိုက်ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင်ပြောထားသည်။

ထို့အပြင် Tai Freedom မှ ရှမ်းစာဖြင့် SSPP နှင့် UWSA အပါအဝင် စစ်ကောင်စီတို့ ပူးပေါင်းပြီး RCSS ကို ထိုးစစ်ဆင်တိုက်ခိုက်သည့် ထုတ်ပြန်ချက်လည်း SSPPအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *

You missed