ခမ်းသားငေါဝ်း
မေ ၂၇ ၊ ၂၀၂၄

အောင်ပန်းတွင် ရိုးရာမီးလုံးပွဲ ပြုလုပ်ရာမှ ပေါက်ကွဲမှု ဖြစ်ပြီး တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း အောင်ပန်းမြို့ခံများထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ အမှတ် ၃ နယ်မြေ ၉ တွင်မေလ၂၅ ရက်နေ့က ရိုးရာမီးလုံးပွဲအတွက် ယမ်းထောင်းရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးဒဏ်ရာရကာ ဆေးရုံတွင်ဆေးကုသမှုခံယူနေစဥ်မေလ ၂၆ ရက်တွင် တစ်ဦးသေဆုံးခဲ့သည်။

“တစ်ဦးကတော့ ဆေးကုရင်း သေဆုံးသွားပြီ တစ်ဦးကတော့ တောင်ကြီးမြို့ စဝ်းစံထွန်းဆေးရုံမှာဆေးကုသနေတယ်”ဟု အခင်းဖြစ်ရာ နေရာ သွားရောက်ကူညီသူ တစ်ဦးကပြောသည်။

လူထိခိုက်သေဆုံးသည့်အပြင် နှစ်ထပ်အိမ်တစ်လုံးနှင့် ဆိုင်ကယ်၊ ကားနှင့် နေအိမ်ရှိ ပစ္စည်းများလည်း မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့တဲ့ မေလ ၁၄ ရက်တွင်လည်း ယမ်းထောင်းရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၃ ဦး ပြင်းထန်ဒဏ်ရာတွေရပြီးနောက် ဆေးကုသချိန် ၂ ဦးသည် သေဆုံးသွားခဲ့ကြောင်း သိရသည်။

PPV005

You missed