ခမ်းသားငေါဝ်း
မေ ၂၃ ၊ ၂၀၂၄

ထီဗွာရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် တစ်ဦး ရွာသား ၉ ဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပြန်လည် လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု ထီဗွာရွာ ဒေသခံ ၉ ဦးအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က မေလ ၇ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပြန်လည်လွှတ်မြှောက်ပေးခဲ့သည်။

“၂ ည ၃ ရက် အပြီးမှာ အကုန်ပြန်လွှတ်ပေးလိုက်ပီ လို့ သိရတယ်။ ရိုက်တာနှက်တာတော့မရှိဘူး” ဟု ဒေသခံတစ်ဦး ကခမ်းသားငေါဝ်းကိုပြောသည် ။

ယင်းဒေသခံ ၉ ဦးသည် မေလ ၇ ရက်နေ့တွင် ရွာထဲ သိုး စစ်ကောင်စီနှင့် PNOပြည်သူ့စစ် စစ်ကြောင်းထိုးလာစဉ် စစ်ဘေးရှောင်ရန်ပြင်ဆင်ရာမှ ဖမ်းဆီးခံခဲ့ရ​ခြင်းဖြစ် ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားသည့် ၄ လကျော်အတွင်း ဒေသခံ ၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ထုတ်ပြန်ချက်အရ သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *

You missed