ခမ်းသားငေါဝ်း
မေ ၁၃ ၊ ၂၀၂၄
မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီ၏ဖမ်းဆီးသတ်ဖြတ်မှုအပါအဝင် လက်နက်ကြီးကြောင့် သေဆုံးသူ ၃၂ ဦးရှိကြောင်း မေလ ၁၂ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ချက်အရသိရသည်၊၊
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာအား မေ ၉ ရက်တွင် စစ်ကောင်စီက ပိတ်ဆို့ပြီး လက်နက်ကြီးနှင့်ပစ်ခတ်ခြင်း ဘုန်းကြီးကျောင်းတွင်ပုန်းနေသူများ အစုလိုက်အပြုံလိုက်ပစ်သတ်ခြင်းကြောင့် အမျိုးသမီးနှင့်ကလေးအပါအဝင် သေဆုံးသူ ၃၂ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်၊၊
လက်နက်ကြီးကြောင့်သေဆုံးသူ ၆ ဦးရှိပြီး ဘုန်းကြီးကျောင်းတွင် ပုန်းခိုနေသူ အမျိုးသမီးနှင့်ကလေး သက်ကြိီးရွယ်အိုများအား ၂၅ ဦးအား ဦးခေါင်းကိုသေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး ဒဏ်ရာရသူ ၁၇ ဦးအားဆေးရုံပို့ဆောင်စဥ် ၁ ဦးသေဆုံးခြင်းကြောင်း စုစုပေါင်းသေဆုံးသူ ၃၂ ရှိကြောင်းဆိုထားသည်၊၊
သေဆုံးသူများမသည် အသက် (၁၅) နှစ်မှ (၆၀) အတွင်း ဖြစ်ပြီး ယခုလို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သည့် ကျူးလွန်မှုများအား စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့၏ ခြေမြန်တပ်မဌာနချုပ် (၃၃) ၏ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော ပျူစောထီးစုပေါင်းတပ်များ ပါဝင်ပြီး အင်အားစုစုပေါင်း (၇၀) ခန့်ပါဝင်သော ပူးပေါင်းတပ်များက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် အထက်ပါ ကျူးလွန်မှု နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များ ကောက်ယူမှတ်တမ်းတင်ထားပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် အတွက် ဖြစ်နိုင်သမျှ တရားစီရင်ရေး ယန္တရားများမှတဆင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။
PPV003