ခမ်းသားငေါဝ်း
မေ ၁၃၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲဖြစ်ပွားသည့် ၁၁၂ ရက်အတွင်းတွင် အရပ်သား ၆၉ ဦး သေဆုံးပြီး ၉၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးသူများသည်စစ်ကောင်စီဘက် လက်နက် ကြီးပစ်ခတ်မှု ၊လေကြောင်းတိုက်မှုနှင့် အဖမ်းခံရပြီးနောက် သေဆုံးသွားခြင်းတို့အများဆုံးဖြစ်ပြီး စစ်ရှောင်ရင်း ပစ်ခတ်ခံရခြင်း၊ စစ်ဆေးရေးဂိတ်တို့တွင် ပစ်ခတ်ခံရခြင်းတို့ကြောင့် သေဆုံးရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူများသည် အမျိုးသား ၅၉ ဦး အမျိုး သမီး ၁၁ ဦးပါဝင်ပြီး ယင်းအထဲတွင် ကလေးငယ် ၁၀ ဦးနှင့် အသက် ၁၅ နှစ်အရွယ် တစ်ဦး ပါဝင်ကြောင်းသိရသည်။

ထိုအပြင် တိုက်ပွဲအတွင်းတွင်အရပ်သားနေအိမ် ၆၀၁ လုံး၊ ဘာသာရေးအဆောက်အဦး ၂၆ လုံး၊စာသင်ကျောင်း ၁၃ ကျောင်း ၊လမ်းတံတား ၄ ခု၊ဆေးရုံ ဆေးခန်း ၄ ခုနှင့် စျေး ၁ ခုလည်း မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအပြင် တိုက်ပွဲအတွင်းတွင် ပင်လောင်းမြို့နယ်တွင် စစ်ရှောင် ၁၅၀၀၀၊ ဆီဆိုင်မြို့နယ်တွင် ၅၄၀၀၀၊ ညောင်ရွှေမြို့နယ်တွင် ၃၀၀၀ စုစုပေါင်း ဒေသခံ ၇၂၀၀၀ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *

You missed