ခမ်းသားငေါဝ်း
မေ ၉ ၊ ၂၀၂၄

ဆီဆိုင်မြို့တွင် စစ်ပွဲကြောင့်နေအိမ်ပျက်စီးသွားသောသူများနှင့် မီးထဲနေအိမ်ပါသွားသူများအတွက် နေအိမ်ဆောက်ရန် မီရဲ့ရွာမှ ဝါးများလှူပေးမည် ဒေသခံဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် မီးထဲအိမ်ပါသွားသောသူများနှင့် စစ်ပွဲကြောင့်နေအိမ်ပျက်စီးသွားသောသူများအတွက် နေအိမ်ပြန်ဆောက်ရန် မီရဲ့ရွာမှ ဝါးရုံပိုင်သော ရွာသားများက ဝါးများလှူပေးမည်ဖြစ်သည်၊၊

” အဖိုးကအသက်လည်းကြီးနေပြီ၊ သေရင်ကိုယ့်နောက်ဘာမှပါမသွားဘူး၊ ငွေကြေးဆိုရင်လည်းအဖိုးကမကူညီနိုင်ဘူး၊ အဖိုးမှာတော့ ဝါးရုံအများကြီးရှိတယ်၊ အဲ့ဒါတွေကိုလှူပေးချင်တယ်” ဟု မီရဲ့ကျေးရွာရှိ အဖိုးတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မီရဲ့ကျေးရွာသည် အရင်ကတည်းက စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းပြုလုပ်ရန် ဝါးများအလှူပေးနေကြောင်း မီရဲ့ကျေးရွာ ကျောင်းအုပ်ကြီးခွန်ဦးကပြောသည်၊၊

” တစ်ချို့လူတွေက နေစရာအိမ်မရှိတော့ဘူး၊ တဲလေးထိုးနေဖို့တောင်အခက်အခဲဖြစ်နေတာ၊ အပျက်အစီးတွေ ပြန်ရှင်းရင်လည်း သူတို့ပိုက်ဆံထပ်ကုန်သေးတယ်လေ၊ မြင်ရတာလုံးဝစိတ်မကောင်းတော့ တတ်နိုင်တဲ့ဘက်ကနေလှူပေးချင်တယ်” ဟုကျောင်းအုပ်ကြီး ခွန်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဆီဆိုင်မြို့ နေအိမ်ပြန်ဆောက်ရန် ဝါးများလိုအပ်ပါက မီရဲ့ ကျောင်းအုပ်ဆရာကြီး ဆရာခွန်ဦး (ဖုန်း-09675684265) ကိုဆက်သွယ်နိုင်ကြောင်းသိရသည်။

PPV003

Leave a Reply

Your email address will not be published. Required fields are marked *

You missed