ခမ်းသားငေါဝ်း
ဧပြီ ၁၁၊ ၂၀၂၄

အင်းလေးဒေသတွင် စစ်ကောင်စီဦးစီးပြီး ကျင်းပမည့် ရေပေါ်သင်္ကြန်ပွဲကို ဒေသခံအချို့မလိုလားကြကြောင်း ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ ဒေသခံတချို့မလိုလားသည့် အင်းလေးရေပေါ်သင်္ကြန်ကို စစ်ကောင်စီကဦးစီးပြီး ကျင်းပသွားမည်ဖြစ်သည်၊၊

“စစ်မှုထမ်းဉပဒေကြောင့် ပြည်သူ၊ လူငယ်တွေနေ့နေ့ညည ပူဆွေးသောကရောက်နေတဲ့အချိန်မှာ အဲဒီအပူတွေကို မငဲ့ညာ၊ ဂရုမစိုက်ဘဲ ပျှော်ပွဲ၊ ရွင်ပွဲ လုပ်နေတာဟာလုံးဝမဖြစ်သင့်ဘူး”ဟု အင်းလေးဒေသခံတစ်ဦးကပြောသည်။

ထိုအပြင် ယင်းပွဲတွင် PNO ပြည်သူ့စစ်က လုံခြုံရေးယူပေးမည်ဖြစ်ကာ ဧပြီလ ၈ ရက်နေ့ကတည်း ကြိုရောက်နေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် PNO ပြည်သူ့စစ်က အင်းလေးရေပေါ် သင်္ကြန်အတွက် မိုင်းသောက်ကျေးရွာမှ စက်လှေအစီး ၄၀ ကျော်ကိုလည်း ချောဆွဲထားကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *

You missed